ပန်းရောင်ကြောင့် ညီမလေးလည်း တက္ကသိုလ်မတက်ရသေးဘူး။

ပန်းရောင်ခြယ်ကတော့ အနုပညာအလုပ်တွေကြောင့် ပညာရေးကို ခဏ နားထားတဲ့အကြောင်း ပြောလာပါတယ်။  

photo: Pan Yung Chel



ပန်းရောင်ခြယ်ကတော့ အခုလက်ရှိမှာ အနုပညာအလုပ်တွေ တစိုက်မတ်မတ်လုပ်နေတာကို တွေ့ရပါတယ်။ သူမဟာ ပညာရေးနဲ့ ပတ်သက်ပြီး နားထားတာ ၃ နှစ်ရှိပြီလို့ DuwunMedia အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။ 

“ပန်းရောင်က သြစတေးလျမှာတက်နေတဲ့ တက္ကသိုလ်မှာ ခွင့်ယူထားတာ ၃ နှစ်လောက်ရှိပြီ။ လောလောဆယ်မှာတော့ architecture မေဂျာတက်နေတာဆိုတော့ ဘွဲ့ရဖို့က လိုသေးတယ်။ Bechlor ဘွဲ့က ၃ နှစ်တက်ရမယ်။ Master ဘွဲ့က ၂ နှစ်ဆိုတော့ နောက်ထပ် ၅ နှစ်လောက် အပြီးတက်ရမယ်။ ပန်းရောင်ကလည်း အခု first year မှာ ထွက်လာတာဆိုတော့ ကျောင်းကလည်း အဆင်ပြေတဲ့အချိန်ပြန်လာ၊ ထားခဲ့တဲ့နေရာကနေ ဆက်တက်လို့ရတယ်လို့လည်းပြောတယ်” လို့ သူကဆိုပါတယ်။ 

photo: Pan Yung Chel

ပန်းရောင်ခြယ်ဟာ လက်ရှိမှာ သီချင်းအသစ်တွေလည်း ပုံဖော်နေတာ ဖြစ်သလို ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးနေတာဖြစ်ပါတယ်။ သူမဟာ ဖခင်ဖြစ်သူ ဂရေဟမ် နဲ့ အတူ ဖျော်ဖြေရေးတွေမှာလည်း သီချင်းတွေ သီဆိုနေရသူပါ။ အဲဒီနောက် ပန်းရောင်ခြယ်က လူသုံးကုန် ကုမ္မဏီအများစုရဲ့ Brand Ambassador တစ်ယောက်အဖြစ်နဲ့လည်း တာဝန်ယူနေရတာ ဖြစ်ပါတယ်။ မတ်လ ၅ ရက်နေ့မှာတော့ သူမ ပါဝင်သရုပ်ဆောင်သွားမယ့် “လိပ်ပြာ” ဇာတ်လမ်းတွဲ အပိုင်း ၂ ကို စတင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ 

Photo: Phone

ပန်းရောင်ခြယ်က အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရသူဖြစ်တာကြောင့် ပညာရေးကို ခဏ နားထားတာ ဖြစ်ပါတယ်။ ညီမလေး ပန်းသွန်းခြယ်နဲ့ အတူ သြစတေးလျမှာ ကျောင်းပြန်တက်မှာပါလို့လည်း ပန်းရောင်ခြယ်က ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

“ အဓိက ကတော့ ညီမလေးကို တက္ကသိုလ်ကို တစ်ယောက်တည်း ပေးမသွားသေးတာပါ။ အမှန်တကယ်တော့ ပန်းရောင်နဲ့အတူတူသွားဖို့ စီစဉ်ထားတာ။ ပန်းရောင်လည်း တက္ကသိုလ်ဆက်တက်ရင်းနဲ့ ညီမလေးလည်း တက္ကသိုလ်တက်ရမှာ။ ဒါပေမယ့် ပန်းရောင်က မသွားသေးတော့ ညီမလေးကလည်း ဒီမှာပဲဖြစ်နေတာပါ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က “ရွှေမင်းသမီး” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

photo: Pan Yung Chel

ပန်းရောင်ခြယ်ကိုတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ တွဲပြီး Wake Up Daddy ဆိုတဲ့ အခွေကတည်းကနေ ပရိသတ်တွေ အားပေး ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေအတွက် မလုပ်ခင်မှာလည်း တခြား Group Song အခွေတွေမှာ ပါဝင်သီဆိုဖြစ်နေပါတယ်။ အွန်လိုင်းကနေ ပရိသတ်ကိုမိတ်ဆက်ပေးလိုက်တဲ့ အသည်းခွဲသူ သီချင်းကလည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပါသေးတယ်။ အဲဒီနောက် အတွဲသီချင်းလေးတွေမှာလည်း ပါဝင်သီဆိုလာတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က