အစ်မတစ်ယောက်အနေနဲ့ သူတို့ကို ပညာရေးပဲဦးစားပေးစေချင်တယ်။

ဝါဆိုမိုးဦးကတော့ ညီမလေးတွေကို ပညာရေးဘက်မှာပဲ ပိုပြီးတော့ အာရုံစိုက်စေချင်တဲ့အကြောင်းပြောလာပါတယ်။ အစ်မ တစ်ယောက်အနေနဲ့ ညီမတွေရဲ့ အချစ်ရေးအပေါ် အခုလို ဖွင့်ပြောလာခဲ့ပါတယ်။ 

Photo: Warso Moe Oo



ဝါဆိုမိုးဦးကတော့ ညီမလေးတွေရဲ့ အချစ်ရေးအပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ အသက်ငယ်ကြသေးတဲ့ ညီမလေးတွေဖြစ်လို့ ပညာရေးကိုပဲ ဦးစားပေးစေချင်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ညီမလေးတွေက ငယ်ပါသေးတယ်။ အခုချိန်မှာ သူတို့ကို ပိုးတာ၊ ပန်းတာရှိတယ်ဆို တာမျိုးတော့ ပြောသံမကြားသေးဘူး။ သူတို့ကို ရည်းစားမထားခိုင်းသေးဘူး။ ကျောင်းလည်း မပြီးကြသေးဘူး ကျောင်းတက်နေကြတုန်းဆိုတော့ စာကိုပဲ လုပ်စေချင်တယ်။ အခုလည်း ညီမလေးက အနုပညာကို ဝါသနာပါတဲ့သူဆိုတော့ သူပျော်သလောက် ပေးလုပ်ထားပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Warso Moe Oo

ဝါဆိုမိုးဦးရဲ့ ညီမ အငယ်ဆုံးလေး သဉ္ဇာကိုလည်း ပရိသတ်တွေ သိကြမှာပါ။ သူကလည်း အခုချိန်မှာ ချစ်သူ မရှိသေးပါဘူးတဲ့။ ဒါပေမယ့် အစ်မဖြစ်သူ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေးကတော့ တကယ်ကို ကြည်နူးစရာကောင်းတယ်လို့ ဆိုပါတယ်။ 

“ သူတို့ နှစ်ယောက်ကို ကြည့်ပြီးတော့ အားလည်း အားကျတယ်၊ ကြည်နူးဖို့လည်းကောင်းတယ်။ တစ်ခါတလေကျရင် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ရုပ်ရှင်ထဲကလိုပဲ တကယ်ကို ကြည်နူးစရာကောင်းပါတယ်။ ပြီးတော့ ချစ်သူတွေဆိုတာကလည်း အမြဲတည့်နေတာမျိုးမဟုတ်ဘူးလေ၊ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်လေးက သဘောကျဖို့ကောင်းပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့က City FM ၁၈ နှစ်ပြည့် ဂီတဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Warso Moe Oo

ဝါဆိုမိုးဦးကတော့ သရုပ်ဆောင်အလုပ်ကို ငယ်ငယ်လေးကတည်းက လုပ်ဆောင်လာတဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာတဲ့သူပါ။ လက်ရှိမှာလည်း အနုပညာလောကထဲကို ရောက်ရှိလာပြီဖြစ်တဲ့ ညီမငယ်လေး သင်ဇာ ကိုလည်း အနုပညာအလုပ်တွေ သင်ကြားပေးနေတာ တွေ့ရပါတယ်။ ဝါဆိုမိုးဦးဟာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ဆောင်နေပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က