အဆုံးအဖြတ်က တရားရုံးမှာပဲရှိပါတယ်။

မင်းရာဇာဟာ ဇွန်လ (၁၁) ရက်နေ့ ရုံးချိန်းတုန်းက အိမ်အကူအမျိုးသမီးငယ်ရဲ့ ဖခင်က ကျပ်သိန်း(၁၀၀) တောင်းတယ်လို့ ပြောလာတဲ့အပေါ် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က အခုလို ပြန်ပြောပြလာပါတယ်။ 

သရုပ်ဆောင် မင်းရာဇာဟာ ဇွန်လ (၁၁) ရက်နေ့တုန်းက မြောက်ဥက္ကလာတရားရုံး ရုံးချိန်းမှာ အိမ်အကူအမျိုးသမီးငယ်ရဲ့ ဖခင်ဖြစ်သူက သိန်း(၁၀၀) တောင်းတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာပြောခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အိမ်အကူအမျိုးသမီးငယ်ဘက်က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က Duwun ကနေ အခုလို ပြောပြလာပါတယ်။ 



“ ကလေးမလေးရဲ့ အဖေက သိန်း(၁၀၀) တောင်းတယ်ဆိုတာ ဖြစ်ရပ်မှန်နဲ့ ဆန့်ကျင်နေတာပါ။ ရုံးပေါ်ကျရင် အဲဒါတွေကို ရှင်းထုတ်သွားမှာပါ။ စွပ်စွဲခံရတဲ့သူတွေက တဒင်္ဂ စိတ်ချမ်းသာဖို့အတွက် ဒီလိုပဲ ပြောရတာပေါ့။ အဆုံးအဖြတ် တရားက တရားရုံးမှာပဲ ရှိပါတယ်။ လုပ်တယ် မလုပ်ဘူးဆိုတာကလည်း သက်သေနဲ့ သွားမှာပါ။ အခု စစ်ဆေးနေတဲ့ အဆင့်ကို မရောက်သေးဘူး။ အမှုဖြစ်လာရင်တော့ စွပ်စွဲခံရတဲ့သူတွေက ဒီလိုပဲပြောတာပါပဲ။ သူတို့က ထောင်မှာနေကြရတဲ့အခါကျတော့ စိတ်ဖြေဖျောက်မှုအတွက် ပြောတာ ဖြစ်မှာပါ။ ဒီအတွက် အပြစ်လည်း မမြင်ပါဘူး။ အချိန်တန်ရင် တရားရုံးက အဖြေထုတ်ပေးပါလိမ့်မယ်။ ဆေးစာတွေလည်း ရှိပါတယ်” လို့ သူကဆိုပါတယ်။ 

လက်ရှိမှာလည်း သရုပ်ဆောင် မင်းရာဇာရဲ့ ဇနီးဖြစ်သူက ကိုယ်ဝန်လွယ်ထားရတယ်လို့ ဦးရောဘတ်စန်းအောင် ဖြေဆိုထားတဲ့ အင်တာဗျူးမှ သိရပါတယ်။ ဒီကိုယ်ဝန်လွယ်ထားရတဲ့အတွက် အမှုနဲ့ပတ်သက်ပြီး အာမခံ ရနိုင်ခြေ ရှိ ၊ မရှိ ကိုလည်း ဦးရောဘတ်စန်းအောင်က အခုလို ပြောပြထားပါသေးတယ်။ 

“ သူ့ကို စွဲထားတဲ့ ပုဒ်မ အရဆိုရင်တော့ ပုဒ်မ ကြီးတယ်။ သူ့ကို အာမခံပေးခြင်း၊ မပေးခြင်းက တရားရုံးရဲ့ ဆင်ခြင်တုံ တရားအပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့ကတော့ ဥပဒေကြောင်းအရ လိုအပ်ရင်တော့ ကန့်ကွက်မှာပဲ။ ကိုယ်ဝန်ရှိတာတော့ တစ်ပိုင်းပေါ့ဗျာ။ အဲဒီအပေါ်မှာတော့ သိပ်ထွေထွေထူးထူးပြောစရာမရှိဘူး အာမခံ လျှောက်ထားလာတဲ့ အပေါ်မှာ ကျွန်တော်တို့က ဆက်သွားရမှာ။ အခု အင်းစိန်ထောင်မှာလည်း ဆေးရုံက တအားတိုးတက်နေပြီ။ လွန်ခဲ့တဲ့ နှစ် (၂၀) လောက်ကလိုမဟုတ်ဘူး။ မီးယပ်သားဖွားဆောင်၊ သားဖွားအထူးကု ဆရာဝန်ကြီးတွေနဲ့ တော်တော်ကို ပြည့်စုံနေပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 



အိမ်အကူအမျိုးသမီးငယ်အား အက်ဆစ်နဲ့ပက်နှိပ်စက်ခဲ့တဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ (၇) ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးကို တရားရုံး ကျပ် ၁၀ သိန်းတန် အာမခံ လျှောက်ထားသူ ၂ ဦးက အာမခံရခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က