ဇူလိုင် ၂၀ ကတည်းက ရုံတင်ပြသနေပြီနော်

ပရိသတ်တွေ အားပေးစောင့်မျှော်နေကြတဲ့ ကြွေရုပ်ရှင်ဇာတ်ကားကြီးကို ငွေကျပ် သိန်းပေါင်း ၁၀၀၀ အကုန်ကျခံရိုက်ကူး ထား တယ်လို့ ကိုဘို စန်းက ပြောပါတယ်။ အခက်အခဲတွေ ကြားက ရိုက်ထားရတဲ့ ဇာတ်ကားဖြစ်တာကြောင့် ပရိသတ်အားပေး မှုကို ရင်ခုန်စွာနဲ့ စောင့်မျှော် နေ တယ် လို့ ဆိုပါတယ်။



 

လက်ရှိရုံတင်ပြသလျှက်ရှိတဲ့ ကြွေရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၆ ခုနှစ်ကတည်းက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေဆီရောက်ဖို့လည်း အခက်အခဲတွေ ကျော်ဖြတ်ရင်းနဲ့ အချိန် ၂ နှစ်တာ ကြာခဲ့တာပါတဲ့။ ကျောင်းသားဇာတ်ကားလည်း ဖြစ်တာကြောင့် ကာရိုက်တာ ပီပြင်အောင်၊ သေသေချာချာ စိစစ်နေရတဲ့အကြောင်းကို Bo Bo Film Production က ထုတ်လုပ်သူ ကိုဘိုစန်းက အခုလိုပြောပြခဲ့ပါတယ်။

'' ကျောင်းဇာတ်ကားရိုက်တာ နည်းကြတယ်၊ ကျောင်းကားရိုက်ရင်လည်း ဆံပင်နီတာတို့ ဘာတို့စပြီး ဆင်ဆာအခက်အခဲ တွေရှိတယ်။ ကျောင်းကလည်း အခက်အခဲရှိတဲ့အပြင် ငှားရတဲ့ ဈေးကလည်း ကြီးတယ်။ ကြွေဇာတ်ကားကို ရိုက်ထားတာ ၂ နှစ်ရှိပြီ၊ ရိုက်ခဲ့တုန်းကရော ရုံတင်တဲ့အချိန်မှာပါ မိုးတွေရွာတာကတော့ အမှတ်တရပေါ့'' လို့ သူကဆိုပါတယ်။

 

ဂရုတစိုက်နဲ့ သေသေချာချာပြင်ဆင်ပြီးရိုက်ခဲ့ရတဲ့ ကြွေရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကုန်ကျစာရိတ်ကလည်း ငါ့ကိုနမ်းတဲ့ မုန်တိုင်းက လိုပဲ သိန်း ၁၀၀၀ ကျော်ကုန်ကျခဲ့ရတယ်ဆိုတာကို ကြွေရုပ်ရှင်ဇာတ်ကာကြီး အထူးပြသပွဲက Duwun Media ရဲ့ အင်တာဗျူးမှာ ထုတ်လုပ်သူ ကိုဘိုစန်းက ပြောပါတယ်။

'' ဒီဇာတ်ကားကိုလည်း ငါ့ကို နမ်းတဲ့ မုန်တိုင်း ဇာတ်ကားရိုက်တုန်းကလိုပဲ ဘတ်ဂျက်အနေနဲ့  သိန်းထောင်ကျော် အကုန်ခံခဲ့ရပါတယ်။ ကျွန်တော်တို့ရိုက်တဲ့ ဇာတ်ကားတိုင်းကလည်း နှစ်ပေါက်တာ တော်တော်များတယ်။ ကျွန်တော်တို့ ကုသိုလ်ကံကိုက ရိုက်လိုက်ရင် သောင်တင် သွားတာက များတယ်''လို့ ပြောပြခဲ့ပါတယ်။

သိန်း ၁၅၀၀ လောက်အကုန်ကျခံ ရိုက်ကူးခဲ့ရတဲ့ ''ငါ့ကိုနမ်းတဲ့မုန်တိုင်း '' 

ကြွေရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၂၀ ရက်နေ့ကတည်းက ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသလျှက်ရှိပြီး ပရိုမိုးရှင်း တွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် တခြားမြို့တွေက ပရိသတ်တွေလည်း အားပေးလို့ရအောင် ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင် တွေကလည်း မန္တလေးမြို့နဲ့ တခြားမြို့တွေဆီက ပရိသတ်တွေနဲ့ သွားရောက်တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

ကြွေရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံပြိုင်စနစ်နဲ့ ပြသရတဲ့ ဇာတ်ကားကြီးဖြစ်တာကြောင့် ပရိသတ်အားပေးမှုကို ရင်တမမ နဲ့ စောင့်မျှော်ရတယ်လို့ ဆိုပါတယ်။ အမြတ်ဆိုတာထက် အရင်းရဖို့တောင် မနည်းကြိုးစားနေရပါတယ်လို့ သူကဆိုပါတယ်။

'' ရုံပြိုင်စနစ်တွေနဲ့ တင်ရတဲ့ စနစ်က ဘာပဲပြောပြော ကျွန်တော်တို့ကလည်း တစ်ယောက်တည်းပဲ ပြချင်တာပေါ့။ ရုံပြိုင် စနစ်နဲ့ ပြရတဲ့ အခါကျတော့ လက်ဝှေ့ ထိုးနေသလိုပဲ သူ့ဘက်၊ ကိုယ့်ဘက်ကတော့ အနည်းအကျဉ်းတော့ ဝင်ငွေ လျှော့ တာပေါ့'' လို့လည်း ကိုဘိုစန်းက ပြောပြခဲ့ပါသေးတယ်။

ကြွေရုပ်ရှင်ဇာတ်ကားကြီးကို Bo Bo Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သားညီရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ် ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် လွှမ်းပိုင်၊ ရဲအောင်၊ ထွန်းထွန်း၊ တိုင်ရွန်၊ စိုးမြတ်သူဇာ နဲ့ အိချောပို တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က