ဒါဟာ လုပ်ကြံထားတဲ့ အရာတစ်ခုပါ။

ဇာတ်ပို့သရုပ်ဆောင် လမင်းကဗျာဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ နေတဲ့ သူမရဲ့ ဖုန်းနံပါတ်နဲ့ Viber Message တွေထဲက အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။ 

Photo: Lamin Kabyar



လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူသိများနေတဲ့ ဖေ့စ်ဘွတ်ပေ့ချ် တစ်ခုကနေတဆင့် ဇာတ်ပို့သရုပ်ဆောင် လမင်း ကဗျာရဲ့ ဖုန်းနံပါတ်နဲ့ Viber Message Screen short တွေဟာ ပရိသတ်တွေကြားမှာ ပျံ့နှံ့လာခဲ့ပါတယ်။ လမင်းကဗျာဟာ ငွေကျပ် (၁၅) သိန်းကနေ သိန်း(၅၀၀) အထိ ပေးနိုင်တဲ့ စပွန်ဆာကြီးတွေနဲ့ ချိတ်ဆက်ပေးတယ်ဆိုတဲ့ သတင်းတွေအပေါ် သူမကိုယ်တိုင် မီဒီယာတွေကနေတဆင့် ဖြေရှင်းလာခဲ့ပါပြီ။ 

“ 0951.. ဖုန်းကို လမင်း ဟိုးအရင်ကတည်းက ကိုင်တာပါ။ ဖေ့စ်ဘွတ်မှာလည်း တင်ထားတယ်။ လမင်းက Online Shopping လည်းလုပ်တော့ အကုန်လုံးသိတယ်။ အဲဒါကို လမင်းဖုန်းနံပါတ်နဲ့ လမင်းပုံကို Viber မှာ ရိုက်ပြီး တင်ထားတာလည်းတော့ မသိဘူး ဒါက လမင်းဖုန်းပဲ ဆိုပြီးတော့ အကုန်လုံးက ဝိုင်းဆက်ကြတာ။ မရပ်မနားတွေ ဆက်ကြတာဆိုတော့ လမင်းလည်း ဘာမှန်းမသိလို့ စက်ပိတ်ထားလိုက်တယ်။ အဲဒီအခါကျတော့မှ တကယ်ဟုတ်လို့ စက်ပိတ်တယ်လို့ ပြောကြတယ်။ ဒါ လုပ်ကြံတာပါ။ လမင်းကို အပြီးရိုက်ချိုးတာ။ လမင်းလုပ်တာ ဟုတ်တယ်ဆိုရင် အဲဒီ ၁၅ သိန်းကနေ သိန်း ၅၀၀ အထိ List တွေရှိထားတယ် ဒါကို ချပြလိုက်မယ် ဆိုတော့ ချပြလိုက်ပါ။ တကယ်မရှိလို့ သူလဲ မချပြဘူးလေ” ဆိုပြီးတော့ သြဂုတ်လ (၇) ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ဖြေဆိုခဲ့ပါတယ်။ 

\

Photo: Lamin Kabyar

လမင်းကဗျာကိုယ်တိုင်ကလည်း ယင်း သတင်းတွေဟာ မဟုတ်မမှန်ကြောင်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ ဖြေရှင်းခဲ့ပေမယ့်လည်း ဝေဖန်တိုက်ခိုက်မှုတွေ ကြုံရပါ များလာလို့ မီဒီယာကနေတဆင့် ဖြေရှင်းလိုက်ရတာပါလို့ ဆိုပါတယ်။ အဲဒီနောက် သူမကို အိမ်ထောင်ကျဖူးတယ်လို့ Facebook Post တင်ခဲ့တဲ့ အပေါ်မှာလည်း လမင်းကဗျာက ဆက်လက် ဖြေရှင်းခဲ့ပါသေးတယ်။ 

“ အိမ်ထောင်ကျဖူးတယ်ဆိုပြီးတော့ တင်ထားတဲ့ ပုံကလည်း လွန်ခဲ့တဲ့ (၆) နှစ်လောက်က တွဲတဲ့ ချစ်သူနဲ့ ပုံပါ။ အဲဒီဓာတ်ပုံက ပြင်ဦးလွင် တန်ဆောင်တိုင် တစ်ခုကို သီချင်းဆိုဖို့သွားရင်းက ရိုက်ဖြစ်တာပါ။ အဲဒီက ကိုငယ်ဆိုတဲ့ သတို့သမီး သတို့သား ဓာတ်ပုံတွေရိုက်တဲ့ ဓာတ်ပုံဆိုင်ကနေပြီးတော့ လမင်းကို အကူအညီတောင်းပြီးရိုက်ပေးပါလို့ ပြောလာလို့ အမှတ်တရဖြစ်အောင် ရိုက်လိုက်တာပါ။ လမင်းကဗျာ စုံတွဲပုံတွေရိုက်တိုင်းသာ ယောင်္ကျားရကြေးဆို အများကြီး ဖြစ်နေမှာပေါ့။ သူ အဲဒီလို လုပ်လိုက်တော့လည်း ကိုယ်က Top ဖြစ်သွားတာပေါ့လေ။ ပရိသတ်တွေကလည်း ဦးနှောက်ရှိတဲ့သူတွေများတယ်။ ဟုတ်လား မဟုတ်လား သိနိုင်ကြတယ်" လို့ သူက ဆိုပါတယ်။  

Photo: Real Ye Htut

လမင်းကဗျာဟာ ဇာတ်ပို့သရုပ်ဆောင် တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းဟာ (၁၀) စုနှစ်တစ်ခုကို ကျော်လွန်လာပါပြီ။ လက်ရှိမှာတော့ သူမက ဇာတ်ကားရိုက်ကူးရေးတွေ နည်းလာပေမယ့် ကိုယ်ပိုင်စီးပွားရေးအလုပ်ကို ဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က