မောင်နှမ အရင်းတွေလိုမျိုး ချစ်ခင်တယ်၊ စည်းလုံးတယ်။

ဆုပန်ထွာကတော့ အနုပညာနဲ့ ပတ်သက်ပြီး သူမမေ့နိုင်တဲ့ အမှတ်တရတွေထဲမှာ သရုပ်ဆောင် ညီနန္ဒ ၊ သရုပ်ဆောင် ဗျိုက်တို့နဲ့ ဆုံတွေ့ခဲ့တဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ 

Photo: Nyi Nanda



ဆုပန်ထွာကတော့ သူမရဲ့ စိတ်ထဲမှာ သရုပ်ဆောင်ညီနန္ဒ ကို အစ်ကိုရင်းတစ်ယောက်လို ချစ်ခင်ရတယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်လာခဲ့တာ အခုဆိုရင် နှစ်(၂၀) ကျော်လာပြီလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ မပန်ရဲ့ စိတ်ထဲမှာ အနုပညာအမှတ်တရဆိုလို့ ကိုညီနန္ဒရယ်၊ ကိုဗျိုက်ရယ်နဲ့ အမှတ်တရတွေက အများကြီးရှိတယ်။ ကိုညီနန္ဒနဲ့ကျတော့ “မောဟစားသူများ” ဆိုတဲ့ ဇာတ်ကားရိုက်တုန်းက အရမ်းမိုက်တာ။ အဲဒီတုန်းကဆိုရင် အစ်ကို့ရဲ့ ကာရိုက်တာ၊ အစ်ကို့ရဲ့ အိုက်တင်တွေ အရမ်းကောင်းတာ။ သူသရုပ်ဆောင်တာကို ကိုယ်က ပါးစပ်အဟောင်းသားနဲ့ ကြည့်နေခဲ့ရတာ။ ဒီအစ်ကိုက စီနီယာလည်းဖြစ်တယ်၊ Respect လည်းရှိတယ်၊ ဒီနေ့ ဒီအချိန်ထိ ဒီအစ်ကိုတွေကို ချစ်တယ်။ ခင်မင်လာတာလည်း အခုဆို နှစ်(၂၀) ကျော်လာပြီ။ တကယ်ကို မောင်နှမသားချင်းထက် ချစ်ခင်တယ်၊ စည်းလုံးတယ်” ဆိုပြီးတော့ စက်တင်ဘာလ(၃) ရက်နေ့က အဆိုတော် စိန်လင်း(Aroma) နဲ့ ကြော်ငြာရိုက်ကွင်းမှာ အခုလို ဖြေဆိုခဲ့တာပါ။ 

အဲဒီနောက် ဆုပန်ထွာက " နေရယ် လရယ် အမှန်တရားရယ်" ရုပ်သံဇာတ်လမ်းတွဲ ထဲမှာ သရုပ်ဆောင် ညီနန္ဒ နဲ့ အတူတွဲရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားဟာ ညီနန္ဒ အနေနဲ့ ဒုတိယမြောက် အနုပညာအလုပ်တွေ စလုပ်တဲ့ အချိန်မှာ စတင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်တဲ့ အမှတ်တရတွေကို အခုလို ပြောပြလာပါတယ်။ 

“ အစ်ကို နဲ့ ပြန်ဆုံတဲ့ အချိန်မှာ သူ့မျက်နှာက အခုလိုတောင် စိုစိုပြေပြေ ဖြစ်မနေဘူး။ မိုးကုတ်ကနေ ပြင်ဦးလွင်မှာရှိတဲ့ ရိုက်ကွင်းကို ဆိုင်ကယ်နဲ့ လာရတာ သူက။ အဲဒီတုန်းကဆိုရင် သူ့ရဲ့ အကြွေးတွေ နဲ့ ပတ်သက်ပြီး ပန်ပန်တို့ကို ရင်ဖွင့်တဲ့။ ကိုယ်ကလည်းငွေအများကြီး မကူညီနိုင်တဲ့ အတွက် သူ့ကို မဟာသမယသုတ်လေးတော့ ရွတ်ပါ ဆိုပြီးတော့ ဒီတရားတော်လေး ပေးလိုက်တယ်။ အဲဒီမှာ သူ့ရဲ့ ကြိုးစားရွတ်ဆိုမှုကြောင့် အခုချိန်မှာ ကိုယ့်မျက်စိအရှေ့တင် ကားရိုက်တွေတောင် လုံးဝ မနားရအောင် ဖြစ်နေပြီ” လို့ ဆက်လက်ပြောပြလာပါတယ်။ 

Photo: Su Pan Htwar

ဆုပန်ထွာ(Su Pan Htwar) ကိုတော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ဒီသီချင်းရဲ့ MTV ကိုတော့ ၂၀၁၉ မေလ မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က