ဒီနေ့ ပထမဆုံးရုံးချိန်းကို တက်ရောက်ခဲ့ပါတယ်။

အလှမယ် သင်းသင်းရဲ့ လျှောက်ထားမှုအရ ပထမဆုံး ရုံးချိန်းကို ဇန်နဝါရီ(၂၂) ရက်နေ့မှာ ချိန်းဆိုခဲ့တာကြောင့် ရုံးချိန်းကို သရုပ်ဆောင် ဝေဠုကျော်က လာရောက်ခဲ့ပါတယ်။

အလှမယ် သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇)နဲ့ ဇန်နဝါရီ(၈)ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ခဲ့ပါတယ်။ အလှမယ် သင်းသင်းရဲ့ လျှောက်ထားမှု အရ ပထမဆုံး ရုံးချိန်းကို ဇန်နဝါရီ(၂၂) ရက်နေ့ ချိန်းဆိုခဲ့တာဖြစ်ပြီး ပထမဆုံး ရုံးချိန်းကို သရုပ်ဆောင် ဝေဠုကျော်က လာရောက်ခဲ့ပါတယ်။



ပထမဆုံး ရုံးချိန်းမှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘတွေက သိန်း (၅၀) နဲ့ အာမခံရယူသွားတယ်လို့ သိရပါတယ်။ အာမခံရခြင်းနဲ့ ပတ်သက်လို့ အလှမယ် သင်းသင်းဘက်က ရှေ့နေ့ဖြစ်တဲ့ ဦးရောဘတ်စန်းအောင်က ယခုလို ပြောပြခဲ့ပါတယ်။

“သိန်း(၅၀)နဲ့ အာမခံတာ ခံလို့ရပါတယ်။ ကိုဝေဠုကျော်က ဒီနေ့ အာမခံလျှောက်တယ်။ အဲ့ဒါကြောင့် အာမခံပေးတယ်။ အာမခံပေးရမယ့် အမှုမို့လို့ တရားရုံးက ပေးတယ်။ ဒါမှန်ကန်တယ်။ “ ဆိုပြီး ဒီနေ့ ရုံးချိန်းမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့ပါတယ်။

အလှမယ် သင်းသင်းကလည်း သူ့မဘက်က တရားဥပေဒအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့ ပထမဆုံး ရုံးချိန်းကို ရောက်လာတဲ့ ဝေဠုကျော်က အမှန်တရားကို တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်လို့ ဆိုပါတယ်။

“ကျွန်တော့်အတွက်ကတော့ အများကြီးမရှိပါဘူး။ တရားစွဲထားလို့ ဒီနေ့မှာ လာဖြေရှင်းတာပါ။ ဘာပဲဖြစ်ဖြစ် အမှန်တရားဆိုတာက တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်”လို့ ဝေဠုကျော်က ပြောခဲ့ပါတယ်။

တရားစွဲဆိုသူ အလှမယ်သင်းသင်းနဲ့ စွဲဆိုခြင်းခံရတဲ့ သရုပ်ဆောင် ဝေဠုကျော်တို့ကို တရားရုံးက ဖေဖော်ဝါရီ(၅) ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က