အချုပ်ထဲမှာတွေ့ခဲ့တုန်းက ဖြိုးပြည့်စုံရဲ့ စိတ်နေစိတ်ထားတွေကို ပြောပြလာပါတယ်။

ဒါရိုက်တာကြည်ဖြူသျှင်ဟာ သူမြင်ဖူးတဲ့ အနုပညာရှင်တွေထဲမှာတော့ ဖြိုးပြည့်စုံက အရမ်းကို ထူးခြားတဲ့ အဆိုတော် တစ်ယောက်ပါလို့ဆိုပါတယ်။ ဖြိုးပြည့်စုံ အချုပ်ကနေ ပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာလည်း သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။

Photo: Lay Kyi Phyu



ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ ဖြိုးပြည့်စုံရဲ့ စိတ်နေ စိတ်ထားတွေကို ပြောပြလာပါတယ်။ ဖြိုးပြည့်စုံဟာ အချုပ်ထဲရောက်နေတဲ့ အချိန်မှာတောင် ဒေါသမရှိတဲ့ သူတစ်ယောက်ပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အစ်မတို့ အားလုံးအတွက် ထူးဆန်းတာက သူ့ကို အချုပ်ထဲမှာ သွားတွေ့တဲ့အချိန်မှာဆို အားလုံးက ဒေါသတွေ ထွက်နေကြတယ်၊ စိတ်ပူကြတယ်။ သူကတော့ လုံးဝ အေးအေးဆေးဆေးပဲ ကျွန်တော်ဘာမှ မလုပ်ထားဘူး။ ဒါဟာ ယိုးဒယားရှောက်သီးဆေးပြားပဲ ကျွန်တော်ယုံကြည်တယ်။ အဲဒီမှာ သူ့ရဲ့စိတ်က ခံနိုင်ရည်ရှိတဲ့ အဆင့်တစ်ခုတော့ရှိတယ်ဆိုတာ မြင်လိုက်ရတယ်။ သူ့မှာ ဒေါသလည်းမရှိဘူး။ စိတ်ပူတာလည်းမရှိဘူး။ ငါ့ကို မတရားချုပ်ထားတယ်ဆိုပြီးတော့ စိတ်တိုတာတွေလည်း မရှိဘူူး။ သူ့ကို ကြည့်ရတာ အချုပ်ထဲရောက်နေတဲ့သူတစ်ယောက်နဲ့တောင် မတူဘူး။ တော်တော်ထူးခြားပါတယ်။ အစ်မ မြင်ဖူးတဲ့လူတွေထဲမှာတော့ သူက အထူးခြားဆုံးပဲ’’ လို့ သူကဆိုပါတယ်။

Photo: Lay Kyi Phyu

ကျေးဇူးတရားတွေ သိတတ်တဲ့ အနုပညာရှင်တွေထဲမှာမှ ဖြိုးပြည့်စုံလည်း တစ်ယောက်အပါအဝင်ဖြစ်တယ်လို့ ကြည်ဖြူသျှင်က ပြောပါတယ်။

‘’ကိုဖြိုးက ကျတောာ့ အစ်မ မြင်ဖူးတဲ့ အနုပညာသမားတွေထဲမှာ သူဟာ တော်တော်ထူးခြားတယ်။ ဘာသာတရား အရမ်းကိုင်းရှိုင်းတယ်၊ ပြီးတော့ ကျေးဇူးတရား အရမ်းသိတတ်တယ်။ သူ့အပေါ်မှာ အရမ်းကောင်းထားတဲ့ လူတစ်ယောက်ကို ဘယ်တော့ ကျေးဇူးဆပ်ခွင့်ရမလဲ သူ အမြဲစဉ်းစားတတ်တဲ့လူ။ ကျေးဇူးတရား အရမ်းသိတတ်ဆုံး အနုပညာသမားလို့ပြောရမယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့က ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Lay Kyi Phyu

အောက်တိုဘာလ ၇ ရက်နေ့က မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အဆိုတော်ဖြိုးပြည့်စုံနဲ့ သူငယ်ချင်း နှစ်ဦးတို့ဟာ အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းမှာ ဗဟန်းရဲစခန်းကနေ ပြန်လည် လွတ်မြောက်လာခဲ့ကြတာဖြစ်ပါတယ်။ ဖြိုးပြည့်စုံကိုတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ အဲဒီနောက်မှာတော့ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့ပြီး သူ့ရဲ့ သီချင်းတွေကလည်း အောင်မြင်မှုတွေ ရရှိနေတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။

Photo: Lay Kyi Phyu

ကြည်ဖြူသျှင်ကတော့ မြန်မာနိုင်ငံရဲ့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေရရှိနေတဲ့ အမျိုးသမီး ဒါရိုက်တာ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ တီဗီကြော်ငြာ၊ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အမြဲတမ်း အောင်မြင်မှုတွေရရှိထားသူဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများစွာထဲကမှ နောက်ဆုံးရုံတင်ဖြစ်လိုက်တဲ့ ဇာတိမြေ ရုပ်ရှင် ဇာတ်ကားက မြန်မာနိုင်ငံမှာရော၊ ဂျပန်နိုင်ငံမှာပါ အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က