loading...

loading...

loading...

ဘယ်လိုနေမလဲ။
Ei Ei Myat

နေခြည်ဦးက ရည်းစားဟောင်းဖြစ်သူ အောင်ရဲလင်းနဲ့ ပွဲတစ်ပွဲမှာ ပြန်လည်ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

 

တစ်ချိန်က ချစ်သူ ရည်းစားတွေ ဖြစ်ခဲ့ကြတဲ့ နေခြည်ဦးနဲ့ အောင်ရဲလင်းတို့က ဖေဖော်ဝါရီ(၁၅) ရက်နေ့က ပြုလုပ်တဲ့ essence ပွဲမှာ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ ရည်းစားဟောင်းနဲ့အတူ အတူတူ ပွဲတက်ရတဲ့ ခံစားချက်ကိုလည်း နေခြည်ဦးက ယခုလို ပြောပြခဲ့တာပါ။

“နေခြည်တို့မဆုံတာတော့ တော်တော်ကြာသွားပြီ။စကားတော့မပြောဖြစ်ပါဘူး/ ကိုအောင်ရဲလင်းရဲ့ သူငယ်ချင်းတွေနဲ့လည်း ခင်တော့ အကျိုးအကြောင်းလေးတွေ မေးဖြစ်ပါတယ်ဒီလောက်ပါပဲ။အခုလို ပြန်တွေ့တဲ့ အချိန်မှာ နှစ်ယောက်လုံးက အေးအေးဆေးဆေးဆိုတော့ ကိုအောင်ရဲလင်းရဲ့ ပရိသတ်တွေရော နေခြည်ရဲ့ ပရိသတ်တွေရော ကြည်နူးကြမယ်ထင်ပါတယ်။နေခြည်တို့ကိုယ်တိုင်လည်း ပြန်တွေ့တဲ့အခါမှာ အေးဆေးဆိုတော့ အေးဆေးပါပဲ” လို့ essence ပွဲမှာ မီဒီယာတွေရဲ့ အမေးကို ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

ယခင်က နေခြည်ဦးနဲ့ အောင်ရဲလင်းတို့အတူတူ ဇာတ်ကားရိုက်ကူးမယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုချိန်ထိ မရိုက်ဖြစ်သေးတာ တွေ့ရပါတယ်။ နေခြည်ဦးနဲ့ အောင်ရဲလင်းတို့ နှစ်ယောက် တကယ်ပဲ ဇာတ်ကား ရိုက်ကူးဖို့ ရှိနေမလားဆိုတဲ့ မေးခွန်းကို “အဲဒီလိုမျိုး လာကမ်းလှမ်းတာတော့ မရှိသေးပါဘူး။ လာကမ်းလှမ်းမယ်ဆိုရင် နေခြည်က ရုပ်ရှင်ထဲ စဝင်ကတည်းက ဇာတ်လမ်းကို အရမ်းဦးစားပေးတယ်။ဆိုတော့ နေခြည် ဇာတ်လမ်း ရိုက်ရင်တော့ ရိုက်တယ်။ မင်းသားရွေးတာတွေ ဘာတွေ တစ်ခါမှ မရှိခဲ့ပါဘူး” လို့ သူမက ပြောပြခဲ့ပါတယ်။

နေခြည်ဦးဟာ Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေ များစွာ ပိုင်ဆိုင်ထားနိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ သူမပါဝင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။


loading...

က္က