သူတို့မွေးထားတဲ့ ကလေးတွေနဲ့တွေ့ရင်တောင် ပြုံးပြနိုင်တယ်။
ရည်းစားဟောင်းနဲ့ဖြစ်ဖြစ်၊ သူတို့မွေးထားတဲ့ ကလေးတွေနဲ့တွေ့ရင်တောင် ပြုံးပြနိုင်ရမယ်လို့ ဆိုလာပါတယ်။ 

ဝိုင်းလေးကတော့ အသည်းကွဲတဲ့ သီချင်းတွေ သိပ်မဆိုဖြစ်တော့ဘူးလို့ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း အချစ်ရေးမှာ နောင်တရသွားလောက်တဲ့ ခံစားချက်တွေ မရှိဘူးလို့ Duwun Media အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ဝိုင်းလေးက အချစ်ရေးနဲ့ပတ်သက်လာရင် ဘယ်အရာမဆို နောင်တ မရတတ်ဘူး။ ကိုယ် ဘယ် နေရာ သွားသွား အကောင်းဆုံး ချစ်ခဲ့တဲ့သူဖြစ်တဲ့အတွက် ဘယ်ရည်းစားဟောင်းနဲ့ပဲ တွေ့တွေ့ မျက်နှာက အမြဲတမ်း ပြုံးနိုင်တယ်၊ လိပ်ပြာသန့်တယ်။ သူတို့မွေးထားတဲ့ ကလေးတွေ တွေ့ရင်တောင်မှ ကိုယ်က ပြုံးပြနိုင်တယ်။ ဖြူဖြူစင်စင်ချစ်ခဲ့တဲ့အတွက် စိတ်ညစ်စရာမရှိဘူး။ သီချင်းတွေ ထွက်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူတယ်” လို့ ဆိုပါတယ်။ 

Photo: MLM

ဝိုင်းလေးဟာ သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလေ့ရှိပါတယ်။ သူမရဲ့ ခံစားချက် တော်တော်များများကိုလည်း သီချင်းလေးတွေဖန်တီးလေ့ရှိပါတယ်။ သူမရဲ့ အသည်းကွဲ သီချင်းလေးတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလျှက်ရှိပါတယ်။ အချစ်ရေးထက် ဂီတအလုပ်တွေကို တစိုက်မတ်မတ် လုပ်နေတဲ့ သူမဟာ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့နေပါပြီ။

Photo: Wyne Lay

လက်ရှိမှာတော့ ဝိုင်းလေးဟာ သူမကိုယ်တိုင် ရွေးချယ်သွားမယ့် ချစ်သူ ပုံစံကိုလည်း ပွင့်ပွင့်လင်း လင်းပြောပြခဲ့ပါတယ်။ အခုချစ်၊ အခုကွဲသွားကြမယ့် အချစ်ရေးကို မနှစ်သက်ဘူးလို့လည်း မတ်လ ၁၁ ရက်နေ့က Pixy အလှကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

“ တကယ်တော့ လူတစ်ယောက်ကို အရင်ဆုံးအနေနဲ့ အကြာကြီးလေ့လာရမယ်။ တစ်ယောက်နဲ့တစ်ယောက် စကားတွေပြော၊ လျှောက်သွား၊ လျှောက်စားတဲ့အချိန်မှာ သူ့ရဲ့ အပြုအမူတွေကို လေ့လာရမယ်။ ဒါလေး တွေက Dating လုပ်နေရင်းနဲ့ တွေ့ရတတ်တယ်။ အချင်းချင်းလည်း သေသေချာချာ လေ့လာပြီးမှ တွဲသင့်တယ်။ အခုခေတ်ကြတော့ အခုချစ်တယ်၊ အခုတွဲတယ်၊ အခုကွဲကြတယ်ဆိုတာမျိုးက မကောင်းဘူးပေါ့နော်” လို့ ဆက်လက်ပြောပြလာပါတယ်။ 

Photo: Wyne Lay

ဝိုင်းလေးဟာ Miss Myanmar World ရဲ့ အလှမယ်တစ်ဦးဖြစ်သလို ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင် တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော် အခွေဖြစ်တဲ့ "Selfie" တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာပါ။ ဂီတအလုပ်တွေကို တစိုက်မတ်မတ် ကြိုးစားနေသူဖြစ်သလို မကြာခဏ Single Songe အသစ်လေးတွေနဲ့ မကြာခဏ ထွက်ရှိတတ်သူတစ်ယောက်ဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က