အငြိမ့်ကဖို့လည်း ရှိနေပါသေးတယ်။

ရဲလေးက သူ့ရဲ့ သီတင်းကျွတ် အစီအစဉ်တွေကို ပြောပြလာပါတယ်။ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပါ ‘’နှင်းဆီလှေ’’အငြိမ့်ပွဲမှာ မြင်ရဦးမယ်လို့ ဆိုပါတယ်။

Photo: YLJK



အဆိုတော်ရဲလေးကတော့ သူ့ရဲ့ ဂီတလှုပ်ရှားမှုတွေအကြောင်းပြောပြလာပါတယ်။ မကြာခင်သီ တင်းကျွတ်တော့မှာ ဖြစ်တဲ့အတွက် သူဖြတ်သန်းသွားမယ့် သီတင်းကျွတ် အစီအစဉ်ကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သီတင်းကျွတ်ကတော့ သီချင်းဆိုဖို့ အစီအစဉ်တော့ရှိမယ်။ သီတင်းကျွတ်မတိုင်ခင်ရယ်၊ လပြည့်နေ့ညရယ်၊ ပွဲလေးတွေ ပါးပါးလေးတွေတော့ရှိမယ်။ ကျန်တဲ့အချိန်မှာတော့ အနုပညာတင်ဆက်မှုအသစ်တွေအတွက် ထပ်ပြီးတော့ ကြိုးစားမယ်။ လောလောဆယ်ကတော့ နှင်းဆီအဖွဲ့နဲ့ ကဖို့အတွက် အရမ်းကို အချိန်တွေ ပေးနေရတယ်’’ လို့ဆိုပါတယ်။

Photo: YLJK

ရဲလေးဟာ အောက်တိုဘာလထဲမှာ နှင်းဆီအငြိမ့်ကဖို့ရှိတယ်လို့ ဆိုပါတယ်။ နှင်းဆီ အဖွဲ့ သားတွေဟာ စင်ပေါ်မှာတင်မက အပြင်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် စစ နောက်နောက် နေတတ်ကြတယ်လို့ ပြောပါတယ်။

‘’ စတာကတော့ အကုန်လုံးပဲ ကိုကျော်ကလည်း ရုပ်တည်ကြီးနဲ့ စတယ်၊ နောက်တယ်၊ ကိုကြံ့ကလည်း ရုပ်တည်ကြီးနဲ့ပဲ။ ကိုနေတိုးကလည်း တစ်ခါတလေကျရင် သူ့ အားကြီးနဲ့ အတင်းပဲပေါ့နော် ကျွန်တော့်ကို စတာ။ ထွန်းထွန်း ဆိုလည်း ကျွန်တော့်ကို ပြောတာပဲ ကျွန်တော်ကလည်း ပြန်ပြောတယ်။ အဲဒီလိုမှလည်း ပညာရမယ်။ ညီအစ်ကိုတွေ Team Work ကောင်းကောင်းလေးနဲ့ စနောက်ကြတဲ့ သဘောပါ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၉ ရက်နေ့က ၂၉ ရတနာဆိုင်ရဲ့ ကံစမ်းမဲရွေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: YLJK

နှင်းဆီအဖွဲ့ သားတွေဟာ အချင်းချင်းကို စနောက်တာထက် အပြင်က ပရိသတ်တွေကိုပါ တစ်ခါတလေ စနောက်တတ်ကြတယ်လို့ ရဲလေးက သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

‘’ နှင်းဆီ လူရွှင်တော်တွေ ဆိုတဲ့အတိုင်း တစ်ခါတလေကျလို့ရှိရင် ပရိသတ်ကို ပြန်ပြီးတော့ ဟာသလေးတွေ ပြန်ထုတ်တာပါ။ သူတို့လည်း ပျော်အောင်ပေါ့။ အားလုံးက အပျော်တွေနဲ့ပဲ ဖြတ်သန်းချင်တဲ့ အတွက်လေ။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အားမနာလျှာမကျိုး နောက်နေကြတာပါပဲ’’ လို့ သူကဆိုပါတယ်။

Photo: Ye Lay

ရဲလေး(Ye Lay)ဟာအနုပညာ နဲ့ ပတ်သက်လာရင် ဂီတအပိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သလို၊ သရုပ်ဆောင် ပိုင်းမှာလည်း ပရိသတ် လက်ခံ အားပေးလျှက်ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း တော်တော်ကြာနေပြီဖြစ်ပါတယ်။ ရဲလေးက ဟိုအရင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို ဒီနေ့အချိန်ထိလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က