မိသားစုလိုက် အလှူဝါသနာပါတဲ့အကြောင်းပြောပြလာပါတယ်။
Sabal Thwin

အလှူနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ ခင်လှိုင်တို့ မိသားစုဟာ အမြဲတမ်းအလိုလို စတုဒီသာအလှူပြုလုပ်လေ့ရှိပါတယ်။ ချက်ပြုတ်ဖို့လူတွေ ငှားတာထက် မိသားစု အတူတူဝိုင်းဝန်းချက်ပြုတ်ကျွေးမွေးတာများတယ်လို့ဆိုပါတယ်။

ခင်လှိုင်တို့ မိသားစုဟာ မိသားစုအတွက် အမှတ်တရနေ့တွေတိုင်းကို စတုဒီသာ အလှူပြုလုပ်လေ့ရှိပါတယ်။ စတုဒီသာ ကျွေးရတဲ့ ရည်ရွယ်ချက်ကို Duwun media ကနေ ပြောပြခဲ့ပါတယ်။

 ‘’အိမ်ထဲမှာခေါ် ဖိတ်စာတွေနဲ့ ဖိတ်ပြီး ကျွေးရတဲ့ အလှူမျိုးလည်း မကြိုက်ဘူး။ ၇ ရက်သားသမီး ပျော်ပျော်ရွှင်ရွှင်နဲ့ စားကြပေါ့နော်။ အဲဒါကို ပိုကြိုက်တယ်။ ဒီနေ့ ကျွေးတာက ဟင်း ၄ မျိုးပေါ့နော်။ သီးစုံပဲဟင်း၊ ဘဲဥ ဟင်း၊ ကြက်သား၊ ငါးခြောက်ကြော် ကျွေးပါတယ်။ အရမ်းကြည်နူးဖို့ကောင်းတယ်။ သူများတွေ ဝဝလင်လင် စားနေကြရင် အရမ်းပျော်တယ်။ များများ စားစေချင်တယ်’’ ဆိုပြီးတော့ ဝမ်းသာပီတိတွေကြားက ဖြေဆိုခဲ့တာပါ။

ခင်လှိုင်ကိုယ်တိုင်ကလည်း ဟင်းချက်တာကို ဝါသနာ ကြီးလွန်းသူဖြစ်တာကြောင့် ဒီအလှူမှာ ကိုယ်တိုင်ပါဝင်ချက်ပြုတ်ခဲ့တယ်လို့ ဆိုပါတယ်။

‘’ဟင်းချက်တာကို တစ်မိသားစုလုံး ဝါသနာပါကြတယ်။ အိမ်မှာ အလှူလုုပ်ရင် အငှားချက်တာမျိုးတွေ မရှိဘူး။ ကိုယ်တိုင်ပဲ ချက်ကြတာများတယ်။ အိမ်က အစ်မ မလတ်က ဟင်းချက်ကောင်းတယ်လေ။ အိမ်မှာက ဆိုင်လိုပဲ စက်တွေ အစုံရှိတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၄ ရက်နေ့က သားဖြစ်သူ နေရဲ ရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ခင်လှိုင်က ငယ်ငယ်တုန်းက စမ်းချောင်းမှာ မိခင်ဖြစ်သူနဲ့အတူ မြန်မာမုန့်လေးတွေ လုပ်ရောင်းရင်း အသက်မွေးဝမ်းကျောင်းပြုခဲ့ဖူးတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ ဒါကြောင့် ကိတ်မုန့်ဖုတ်နည်းကိုလည်း စိတ်ဝင်စားတယ်လို့ သူကဆိုပါတယ်။

‘’ကျန်တဲ့မုန့် တော်တော်များများလုပ်တတ်တယ်။ ဘို မုန့်တွေထဲက ကိတ်မုန့်တော့ မဖုတ်တတ်သေးဘူးလေ။ သင်တန်းကိုလည်း သမီးလေးက သူစုံစမ်းပေးမယ်ဆိုတာနဲ့ ၃ ရက်သင်တန်းပေါ့နော်။ အဲဒါ သွားတတ်မယ်။ ပြီးရင် အိမ်မှာ မုန့်ဖုတ်ပြီးတော့ အွန်လိုင်းက ရောင်းမလို့။ အလကားပြောတာပါ။ မုန့်လုပ်ကြည့်ဦးမယ် ကောင်းလား မကောင်းလား မသိသေးပဲ နာမည်က ပျက်နေဦးမယ်’’ဆိုပြီးတော့ Duwun media မှာ ဖြေဆိုခဲ့ဖူးပါသေးတယ်။

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က