သီချင်း အသစ်တွေ ထွက်ဖို့ ပြင်ဆင်နေပါပြီ။

အဆိုတော် R ဇာနည်ကတော့ သီချင်း တစ်ပုဒ်ဆီတိုင်းကို ဆိုပုံ၊ ဆိုနည်း၊ သီချင်း စာသားတွေက အစ သေချာလေး ဂရုစိုက်ဖြစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ 

Photo: R Zar Ni



Rဇာနည်ဟာ လက်ရှိမှာ သီချင်း အသစ်လေးတွေ လုပ်ဖြစ်နေတဲ့အကြောင်း ပြောပြလာပါတယ်။ အသက်အရွယ် ရလာတော့ သီချင်းတစ်ပုဒ် ဖန်တီးတိုင်း အချိန်ပိုကြာနေတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ သီချင်းတွေ ထွက်ဖို့ ကြာနေတယ် ဆိုတာကလည်း ပြင်ဆင်မှု အပိုင်းပေါ့နော်။ သူများတွေလည်း လက်ခံရမယ်၊ အရမ်းကြီးလည်း Hit ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် သီချင်းကို အဓွန့်ရှည်ဖို့အတွက် ရည်ရွယ်ပြီး သီချင်းစာသားကိုရော၊ ဆိုတဲ့ ဟန်ကိုရော၊ ဆိုပုံ ဆိုပေါက်တွေက အစ အသေးစိတ်ဆိုတော့ သီချင်း တစ်ပုဒ်ဖြစ်ဖို့ဆိုတာ တော်တော်ကို ကြာတယ်။ အရွယ်ကလည်း ရလာတော့ သီချင်း ဖန်တီးတဲ့ အခါမှာ ကြာလာတာပေါ့။ အခုချိန်မှာ သီချင်းတွေ ထွက်နိုင်ဖို့ကိုပဲ ကြိုးစားနေရတာပေါ့။ Show တွေ လုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်သေးဘူး။” ဆိုပြီးတော့ ဇူလိုင် ၁၂ ရက်နေ့က ဖြေဆိုခဲ့တာပါ။ 

Photo: R Zar Ni

သီချင်း အခွေလည်း မထွက်နိုင်သေးသလို Covid ကြီး ပြီးဖို့ကိုလည်း ဆုတောင်းနေရတယ်လို့ R ဇာနည်က ပြောပြခဲ့ပါသေးတယ်။ 

“ အခုကလည်း Covid ကြီး အမြန်ဆုံး ပြီးဖို့ကို အရင်ဆုတောင်းနေရတယ်။ ဒီအရာကြီး ပြီးမှပဲ ကိုယ်လုပ်စရာ ရှိတဲ့ အလုပ်တွေ အကုန် တန်းစီပြီးတော့လုပ်ရမှာ။ ကိုယ်က တစ်ခုလောက်ပဲ မှန်းထားရင် (၁၀) ခုလောက် ကျလာရင် ကျလာတတ်တယ်။ ဒါကြောင့် အကုန်လုံး အန္တရာယ် ကင်းကင်း ဖြစ်သွားဖို့က အရေးကြီးပါတယ်။ အခုက သီချင်း(၁၀) ပုဒ်လောက်ကို တစ်နေတာ။ အားလုံးက သီချင်း အသစ်တွေချည်းပဲ ထည့်သွားမှာ ဒါပေမယ့် အွန်လိုင်းကနေပဲ ဖြန့်ဖြစ်ဖို့ များပါတယ်” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။ 

Photo: R Zar Ni

Rဇာနည် (R Zar Nyi)က င့ါကိုချစ်တဲ့သူ၊ စည်းတစ်ဖက်ခြား စတဲ့ တစ်ကိုယ်တော်အခွေတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အတွဲခွေတွေ များစွာမှာလည်း ပါဝင်သီဆိုခဲ့သူပါ။ ထို့နောက် Owntune သီချင်းတွေချည်း ပါဝင်တဲ့ ကမ္ဘာသား သီချင်းခွေကလည်း ပရိသတ်တွေကြားပေါက်ခဲ့တဲ့ သီချင်းခွေတစ်ခွေ ဖြစ်ခဲ့ပါတယ်။ Rဇာနည်ဟာ လက်ရှိမှာ သားနှစ်ယောက် ပိုင်ဆိုင်ထားပါတယ်။ သာယာတဲ့ မိသားစုလေးနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတဲ့ အောင်မြင်နေဆဲ အဆိုတော်တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က