loading...

loading...

loading...

ရွှေသံစဉ် ၃၈ နှစ်ပြည့် ဂီတဖျော်ဖြေပွဲမှာ ပါဝင်လာမယ်လို့ သိရပါတယ်။
Sabal Thwin

ရွှေထိုက်ကတော့ အပြစ်ဒဏ်ကျခံပြီးလို့ လွတ်မြောက်လာတဲ့ အချိန်မှာ ဂီတအလုပ်တွေ ပြန်လည် လုပ်ကိုင်နေပြီလို့ ပြောပါတယ်။ 

Photo: Zayyar Myat Khing

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု နဲ့ အပြစ်ဒဏ်ကျခံပြီး အခုဆိုရင် ပြန်လည် လွတ်မြောက်လာပြီလို့ သိရပါတယ်။ သူမကတော့ ဂီတအလုပ်တွေ ပြန်လည် လုပ်ကိုင်နေတဲ့အကြောင်းကိုလည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“အခုက ၁၀ တန်းစာမေးပွဲပြီးရင် ရွှေသံစဉ် တေးဂီတ ၃၈ နှစ်ပြည့်ပွဲရှိတယ်ပေါ့နော်။ အဲဒီမှာ ကိုဝင်းမော်က ပွဲတက်ရုံတင်မကဘူး သီချင်းပါ ဆိုပေးရမယ်လို့ ကမ်းလှမ်းလာတယ်။ ကိုဝင်းမော် ကိုယ်တိုင်ရေးထားပြီး ရွှေသံစဉ်တေးဂီတနဲ့ ဆိုထားတဲ့ သီချင်းတွေပဲ ဆိုဖြစ်မယ်။ ဒီပွဲနဲ့ ပတ်သက်တဲ့ အင်တာဗျူးလေးတွေမှာလည်း လက်ရှိ ပါဝင်ပေးဖြစ်နေပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Shwe Htike

ရွှေထိုက်ဟာ အပြစ်ဒဏ်ကျခံနေရတဲ့ အချိန်မှာ ဘာသာရေးကို ပိုလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ရခဲ့တယ်လို့လည်းပြောပါတယ်။ 

“ ထောင်ထဲမှာ နေခဲ့ရတုန်းက ကိုယ့်ကိုယ်ကိုယ် အနားပေးလိုက်တယ်လို့ သဘောထားပြီး လောဘလည်း မကြီးတော့ဘူး။ ဘုရား၊ တရားလည်း ပိုလုပ်ဖြစ်တယ်။ လူတွေနဲ့လည်း စကားတွေ ပြောဖြစ်တယ်။ ဘာအမှုဖြစ်တာလဲ မေးတယ် အရင်တုန်းကဆို အစ်မက ပရိသတ်တွေနဲ့တောင် စကားနည်းနည်းပဲ ပြောဖြစ်တာ အခုလို ဖြစ်သွားတော့ လူတွေကြားထဲရောက်သွားသလို ခံစားရတယ်။ ကိုယ်တိုင်လည်း သင်ခန်းစာတွေ ယူတယ်။ အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Shwe Htike

အဆိုတော် ရွှေထိုက်နဲ့အပေါင်းအပါတွေကိုတော့ ၂၀၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တုန်းက ရန်ကင်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မူးယစ်အုပ်စု(၄၁) အဖွဲ့တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အမှုရင်ဆိုင်ပြီး ၁ နှစ်ခွဲအကြာမှာတော့ ၂၀၂၀ ခုနှစ် နှစ်စမှာ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ အခုဆိုရင်တော့ သူမရဲ့ သီချင်းတွေကို ပြန်လည်နားထောင်ရတော့မှာဖြစ်တဲ့အတွက် ပရိသတ်တွေလည်း ဝမ်းသာလို့နေကြပါတယ်။ ရွှေထိုက်ကိုတော့ ဂီတလောကမှာ "ငိုနေမယ်မိုးသည်းထဲမှာ"၊ "မင်းကတော့ဘယ်မှာ"၊ "သီချင်းလေးအတိုင်း" အစရှိတဲ့ သီချင်းများနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က