သူ့ရဲ့ အချစ်ရေးအကြောင်းကို ပြောပြလာပါတယ်။

အဆိုတော် ဟိန်းမင်းသူကတော့ 1 to 10 စာရင်းဝင် လုပ်ငန်းရှင်တစ်ဦးရဲ့သမီးနဲ့ ချစ်သူဖြစ်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် အခုလို ပြောပြလာပါတယ်။ 

Photo: Hein Min Thu



ဟိန်းမင်းသူရဲ့ အချစ်ရေးအကြောင်းကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်စိတ်ဝင်စားမှုများရှိ နေတဲ့ Facebook Page တစ်ခုကနေ ဓာတ်ပုံနဲ့တကွ ပရိသတ်ကို ဖော်ပြခြင်းခံလိုက်ရပါတယ်။ အဲဒီနောက် သူ့ရဲ့ ချစ်သူကောင်မလေးဟာ 1 to 10 စာရင်းဝင် လုပ်ငန်းရှင်တစ်ဦးရဲ့ သမီးဖြစ်တယ်ဆိုတဲ့ အပေါ် ဟိန်းမင်းသူက Duwun ကနေ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။  

“ အကယ်၍ ကျွန်တော့်ကောင်မလေးက ပရိသတ်ပြောသလိုသာဖြစ်ခဲ့မယ်ဆိုရင် အဲဒီအရာတွေကို ကျွန်တော် စိတ်မဝင်စားဘူး။ ကျွန်တော် ခံယူထားတဲ့ အချစ်က အကြောင်းပြချက်မရှိဘူး။ အဓိက သူဖြစ်နေလို့ကို ကျွန်တော် ချစ်တာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ရိုးသားတဲ့ အချစ်ပဲ ဖြစ်ချင်တယ်။ အကြောင်းပြချက် တစ်ခုရှိလို့ ဖြစ်လာတဲ့ အချစ်မျိုးကို သဘောမကျဘူး။ အကြောင်းပြချက် တစ်ခုကြောင့် ချစ်တာဆိုရင် သူ့မှာ အဲဒီအကြောင်းအရာတစ်ခု မရှိတော့တဲ့အချိန်မှာ သူနဲ့ ကျွန်တော် ဇာတ်လမ်းက ပြတ်သွားမှာလေ။ အခုချိန်မှာ သူတည်ရှိနေသ၍ ၊ သူ ရင်ခုန်နေသရွေ့၊ ဒီကမ္ဘာကြီးထဲမှာ သူရှိနေသ၍ ကျွန်တော် သူ့ကို ချစ်နေမှာပါ” လို့ ဆိုပါတယ်။ 

Photo: U Han

ဟိန်းမင်းသူဟာ ပရိသတ်တွေသိထားတဲ့ သူ့ရဲ့ အချစ်ရေးအကြောင်းတွေကို ဝန်ခံပြောပြလာတာလည်း မဟုတ်သလို ငြင်းဆိုခဲ့ခြင်းလည်း မရှိပါဘူူး။ အသက်(၂၃) နှစ်အရွယ်ရောက်လာပြီဖြစ်တဲ့ သူ့အနေနဲ့ အချစ်ရေးအပေါ်ထားတဲ့ ခံယူချက်တွေလည်း ပြောင်းလဲလာပြီလို့ ဆိုပါတယ်။ 

“ ကျွန်တော့်အသက် အခု(၂၃) ပြည့်ပြီးသွားပြီဆိုတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေအရဆိုရင်တော့ အခုချိန်မှာ အချစ်ရယ်၊ နားလည်မှုရယ်၊ သစ္စာတရားရယ်ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်။ ငယ်ငယ်တုန်းကတော့ ကိုယ့်ချစ်သူပုံစံက ဘယ်လို ဖြစ်ရမယ် ဆိုပြီး သတ်မှတ်ခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ အဲဒါတွေ မလိုဘူး သူအရမ်းချောနေရာကနေ ရုပ်ပဲ ဆိုးဆိုး၊ ဝပဲ ဝလာ ဝလာ ဂရုမစိုက်ဘူး။ အဓိက ကတော့ ကျွန်တော် လိုချင်တဲ့ အချက်(၃) ချက်လေးရှိရင် ပြည့်စုံပါပြီ” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

Photo: Eain Sett

ဟိန်းမင်းသူကိုတော့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ Silent ဆိုတဲ့ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားတာဖြစ်ပါတယ်။ အဲဒီနောက် သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်သီဆိုထားတဲ့ သီချင်းအသစ်တွေကိုလည်း လူမှုကွန်ယက် စာမျက်နှာပေါ် မှာမိတ်ဆက်ပေးလေ့ရှိပါတယ်။ ဟိန်းမင်းသူဟာ အနုပညာနဲ့ ပတ်သက်လာရင် ဂီတကိုသာမက သရုပ်ဆောင်အလုပ်ကိုပါ ဝါသနာကြီးတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က