သူ့ရဲ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပြန်ပါတယ်။
Sabal Thwin

ဟိန်းမင်းသူက အခုဆိုရင် ထိုင်းနိုင်ငံမှာပါ အနုပညာအလုပ်တွေ လုပ်နေတာကို တွေ့ရပါတယ်။ သူကိုယ်တိုင်ကလည်း အတွေ့အကြုံများစွာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Photo: Hein MinThu

အဆိုတော် ဟိန်းမင်းသူက လက်ရှိမှာ ထိုင်းနိုင်ငံက အနုပညာရှင်တွေနဲ့ အတူတူတွဲပြီး အလုပ်တွေ လုပ်ဖြစ်နေတဲ့ အကြောင်းတွေကို Duwun Media ကနေ ပြောပြလာပါတယ်။ လက်ရှိမှာလည်း Photo Shooting တွေ လုပ်နေရပြီလို့ဆိုပါတယ်။

‘’ ထိုင်းက Photo Shootingက ကျွန်တော် ၄ ရက်နေ့တုန်းက ရိုက်တာပါ။ နောက်ထပ်လည်း ထိုင်းမှာ ဒီဇိုင်နာ တစ်ယောက်နဲ့ ဓာတ်ပုံ ထပ်ရိုက်ဖို့ရှိတယ်။ ကျွန်တော်တို့ရိုက်ထားတဲ့ မဂ္ဂဇင်းက ထိုင်းမှာ မထွက်သေးဘူး၊ ပြီးတော့ မီဒီယာတွေနဲ့လည်း မတွေ့ရသေးတော့ ပရိသတ်တွေက မသိသေးပါဘူး။ ထိုင်းမှာ Fan တွေက လောလောဆယ် မရှိသေးပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Hein MinThu

အဲဒီနောက် မြန်မာနိုင်ငံက အနုပညာရှင်တွေကို အားပေးတဲ့ ထိုင်း ပရိသတ်တွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဟိန်းမင်းသူကတော့ သူ့ကို ချစ်တဲ့ ပရိသတ်တွေနဲ့ တိုက်ရိုက် မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

‘’ တချို့ အားပေးကြမ်းကြတဲ့ Fan တွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က Fan တွေနဲ့ တိုက်ရိုက် မတွေ့ရသေးတော့ သေချာမသိပါဘူး။ ထိုင်းမှာ အနုပညာအလုပ်တွေ လုပ်ရတာ အဆင်ပြေတယ်။ ကမ္ဘာအနှံ့ကိုပါ သွားနိုင်တဲ့အတွက် မြန်မာပြည်က လူငယ်အနုပညာရှင်တစ်ယောက်အနေနဲ့ အခုလို လက်တွဲ အလုပ်လုပ်ခွင့်ရတာ ဝမ်းသာပါတယ်’’ လို့ ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Hein MinThu

ဟိန်းမင်းသူက Photo Shooting မှာ အလုပ်အတူတူ တွဲလုပ်ခဲ့ကြတဲ့ အနုပညာရှင်တွေကိုလည်း ပြောပြခဲ့ပါသေးတယ်။ သူ့အတွက် အတွေ့အကြုံတွေလည်း ရခဲ့တယ်လို့ ဆိုပါတယ်။

‘’ တရုတ်နိုင်ငံက နာမည်ကြီးနေတဲ့ အနုပညာရှင်တွေ၊ ထိုင်းနိုင်ငံကလည်း နာမည်ကြီးနေတဲ့ အနုပညာရှင်တွေနဲ့ အတူတူ အလုပ်လုပ်ခွင့်ရတဲ့အတွက် သူတို့ရဲ့ System တွေ၊ အလုပ်ကြိုးစားမှုတွေ က ကျွန်တော့်အတွက် အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Hein MinThu

ဟိန်းမင်းသူကိုတော့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ Silent ဆိုတဲ့ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားတာဖြစ်ပါတယ်။ အဲဒီနောက် သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်သီဆိုထားတဲ့ သီချင်းအသစ်တွေကိုလည်း လူမှုကွန်ယက် စာမျက်နှာပေါ် မှာမိတ်ဆက်ပေးလေ့ရှိပါတယ်။ ဟိန်းမင်းသူဟာ အနုပညာနဲ့ ပတ်သက်လာရင် ဂီတကိုသာမက သရုပ်ဆောင်အလုပ်ကိုပါ ဝါသနာကြီးတာ တွေ့ရပါတယ်။





က္က