အရမ်းမိုက်တဲ့ ဇာတ်ကားတစ်ကားပါ။

ပိုင်တံခွန်ကတော့ ထိုင်းနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်တော့မယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာလည်း အနုပညာအလုပ်တွေ ဆက်လုပ်သွားဦးမယ်လို့ဆိုပါတယ်။

Photo: Paing Takon



ပိုင်တံခွန်ကတော့ မကြာသေးခင်က သူအရမ်းသဘောကျရတဲ့ ထိုင်းသရုပ်ဆောင် Bifern နဲ့ရိုက်ကူးခဲ့တဲ့ ကြော်ငြာလေး ထွက်ရှိလာခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း သဘောကျရတဲ့ ကြော်ငြာလေးပါတဲ့။ နောက်ထပ်လည်း ထိုင်းနိုင်ငံက မင်းသမီးတွေနဲ့ရိုက်ထားတာတွေရှိသေးတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ထိုင်းမှာ နောက်ထပ် အလုပ်တွေ ဆက်လုပ်ဖို့ရှိတယ်ခင်ဗျ။ တခြားယိုးဒယားမင်းသမီးတွေနဲ့ ရိုက်ထားသေးတယ်။ မကြာခင် မြန်မာနိုင်ငံမှာ အဲဒီကြော်ငြာလေး လွှင့်ပါမယ်။ ကျွန်တော်လည်း ယိုးဒယားဘက်က လွှင့်တဲ့ကြော်ငြာတွေကို ဖေ့ဘွစ်မှာ သိပ်မတင်ဖြစ်တာလည်းပါတယ်။ ထွက်လာမှ ပရိသတ်တွေ သိလာတာပေါ့နော်။ ဒီတစ်ခေါက်သွားရိုက်ဖြစ်ရင်တော့ ကြိုပြီး တင်ပေးပါမယ်။ ဘယ်မင်းသမီးဆိုတာကိုပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Paing Takon

အဲဒီနောက် ပိုင်တံခွန်က ထိုင်းနိုင်ငံမှာ ရုပ်ရှင်ရိုက်ဖို့လည်း ရှိသေးတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံကိုလည်း အရမ်းကြိုက်တယ်ဆိုပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့က Oppo Reno 2 / Reno 2F မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ ထိုင်းမှာရိုက်ဖို့က ကျွန်တော့်ကိုပြောထားတဲ့ ဇာတ်ကားတစ်ကားရှိတယ်။ ဇာတ်လမ်းကတော့ တော်တော်မိုက်တယ်။ ထုတ်လုပ်သူတွေ ဘယ်လိုစကားပြောနေကြသလဲတော့ မသိဘူး။ တကယ်လို့ ရိုက်ဖြစ်ရင် ကျွန်တော်ပြောပြပါမယ်။ ဇာတ်ကားအကြောင်းကတော့ ပြောပြလို့ မရဘူးပေါ့နော် သူတို့က အစီအစဉ်တကျနဲ့ သွားတာဆိုတော့ ကျွန်တော်ရိုက်ဖြစ်ချင်မှလည်းရိုက်ဖြစ်မှာပါ။ ရိုက်ဖြစ်ရင်တော့ အရမ်းမိုက်တယ် ကျွန်တော်ဒီဇာတ်ကားကို အရမ်းသဘောကျတယ်။’’ လို့ ဆိုပါတယ်။

Photo: Paing Takon

ပိုင်တံခွန်ဟာ အခုချိန်မှာတော့ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ အနုပညာအလုပ်တွေ အဆက်မပြတ်လုပ်ဆောင်နေရတာဖြစ်ပါတယ်။ သူ့အနေနဲ့ အလုပ်တွေလုပ်ရတဲ့ အခါမှာ နှစ်နိုင်ငံက အနုပညာအလုပ်တွေကို အဆက်မပြတ်လေ့လာဖြစ်တယ်လို့ ပြောပါတယ်။

‘’ ပြည်တွင်း နဲ့ ပြည်ပမှာ အလုပ်လုပ်ရတဲ့ အားနည်းချက်တွေတော့မရှိဘူး။ ပြည်ပမှာ အလုပ်လုပ်ရတာ စည်းစနစ်ကျတယ်။ ကျွန်တော်ကတော့ နှစ်ခုစလုံးမှာ အလုပ်လုပ်ရတာပျော်တယ်။ ပြည်တွင်းမှာ လုပ်တဲ့ အချိန်မှာလည်း ဘာတွေ လိုအပ်တယ်ဆိုတာကို ပြည်ပမှာ သွားရိုက်ရင်းနဲ့ ကျွန်တော်ကြည့်လာတယ်။ ပြည်ပမှာ သွားရိုက်ရင်လည်း ငါတို့ ပြည်တွင်းမှာတော့ ဘယ်လိုတွေရိုက်တယ်ပေါ့။ ဟိုဘက်ရောက်ရင်လည်း ဘယ်လိုတွေ ပြင်ဆင်သွားမယ်ဆိုတာတွေတော့ လေ့လာဖြစ်တယ်’’ လို့ သူကဆိုပါတယ်။

Photo: Paing Takon

ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က