ကိုယ်ပိုင်ဟန်လေးနဲ့ သီချင်းဆိုထားပါတယ်။
Sabal Thwin

မေပန်းချီက သူမအရမ်းကြိုက်တဲ့ ‘’တယ်လီဖုန်း’’ဆိုတဲ့ သီချင်းလေးကို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အသံနဲ့ ပြန်လည် အသက်သွင်းဖြစ်တဲ့အကြောင်းတွေ ပြောလာပါတယ်။ ဒါပေမယ့် အဆိုတော် လုပ်မှာမဟုတ်ဘူးလို့လည်း ပြောလာပါတယ်။

Photo: May Panche

မေပန်းချီကတော့ အနုပညာနဲ့ ပတ်သက်လာရင် အရမ်းကို ရူးသွပ်တဲ့သူတစ်ယောက်ပါ။ အခုလည်း သူမ အရမ်းကိုကြိုက်တဲ့ သီချင်းလေးဖြစ်တဲ့ ‘’တယ်လီဖုန်း’’ ဆိုတဲ့ သီချင်းလေးကို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အသံ နဲ့ သီဆိုထားတဲ့ အကြောင်းကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကိုယ် အသက်အရွယ်ရလာတော့ ကိုယ့်ဘဝမှာ လုပ်ချင်တဲ့အရာလေးတွေကို အသက်ရှိနေစဉ်အတွင်းမှာ လုပ်ဖူးချင်တယ်။ သီချင်းလေးလည်း ဆိုဖူးချင်တယ်။ အဲဒါကြောင့် ကိုယ်အကြိုက်ဆုံး သီချင်းလေးကို ကိုယ်ဆိုချင်တယ်။ ပန်းချီကကျတော့ မိသားစုအတွက် ရှင်သန်တာများတယ်။ ကိုယ့်အတွက်ဆိုတာက အရမ်းနည်းတယ်။ အဲဒါကြောင့် ကိုယ်ကြိုက်တဲ့ အနုပညာအလုပ်လေးကို လုပ်ဖြစ်သွားတယ်ဆိုတဲ့ သဘောလေးပါ’’ လို့ သူကဆိုပါတယ်။

Photo: May Panche

ဂီတကို ဝါသနာပါတဲ့သူဖြစ်ပေမယ့် အဆိုတော် မလုပ်ဘူးလို့ မေပန်းချီက ပြောပါတယ်။ မေပန်းချီ ပြန်ဆိုထားတဲ့ ‘’တယ်လီဖုန်း’’ MTV လေးကလည်း ပရိသတ်အားပေးမှု အများကြီး ရရှိထားတာကိုလည်း တွေ့ရပါတယ်။

‘’ အဆိုတော် မလုပ်ပါဘူး။ ဘယ်တော့မှ မလုပ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပန်းချီရဲ့ အသံက အဆိုတော်တစ်ယောက်ရဲ့ အသံမျိုးလည်း မဟုတ်ဘူး။ ဆိုတတ်ယုံနဲ့ ပရိသတ်တွေ နားထောင်ရတာ အဆင်ပြေယုံပဲရှိပါတယ်။ ကောင်းတဲ့ အသံထဲတော့ မပါပါဘူး’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ညက ‘’ညစ်တွန်း’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: May Panche

‘’တယ်လီဖုန်း’’ သီချင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ အဆိုတော်တွေ၊ တေးရေးဆရာတွေကိုလည်း သီဆိုခွင့်အတွက် ခွင့်တောင်းထားသေးတယ်လို့ မေပန်းချီက ပြောပါတယ်။

‘’ မရှင်ဖုန်းဆီက ခွင့်တောင်းလိုက်တော့ သူက ဂစ်တာလေးနဲ့ပဲ ဆိုမယ်ထင်နေတာ။ ပန်းချီက ဆိုရင်းနဲ့ MTV ပုံစံဖြစ်သွားတော့ တေးရေးတွေ ဘာတွေ ခွင့်တောင်းရမယ်။ ပြီးတော့ ဂီတမှာလည်း မူပိုင်ခွင့်တွေရှိတော့ အဲဒီတေးရေးဆရာကိုတော့ ပန်းချီ ဆက်သွယ်ပြီးတော့ ခွင့်တောင်းထားပါတယ်။’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပြန်ပါသေးတယ်။ 

Photo: May Panche

မေပန်းချီဟာ အခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းမှာသာမက ပွဲတွေ တော်တော်များများမှာ သီချင်းဆိုုဖြစ်နေတာလည်း တွေ့ရပါတယ်။ အဲ့ဒီ နောက် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မကြာခဏ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေး ဖြစ်တဲ့ Kate Amazing Jean Shop ဆိုတဲ့ Fashion ဆိုင်လေးကိုပါ ဦးစီးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

သူ့ အနေနဲ့ သရုပ်ဆောင်အလုပ်သာမက ဂီတအပိုင်းကိုလည်း ခြေလှမ်း စတင်ချင်တာကြောင့် ကိုယ်ပိုင်သီချင်းလေးတွေ လုပ်ထားတယ်လို့ သိရပါတယ်။ ဒီသီချင်းလေးတွေကို ပရိသတ်တွေဆီတင်ဆက်နိုင်ဖို့ ကြိုးစားဦးမယ်လို့ အင်တာဗျူး တချို့မှာ ဖြေဆိုဖူးပါတယ်။ ယခု နောက်ပိုင်းမှာ အနုပညာပိုင်းသာမက ပရဟိတ အလုပ်လေး တွေကိုပါ အချိန်ရရင် ရသလို လုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က