နှစ်တော်တော်ကြာ အလုပ်တွေ အတူတွဲလုပ်ခဲ့တာပါ။

လူမင်းကတော့ အနုပညာအလုပ်တွေကို နှစ်ပေါင်းတော်တော်ကြာ အတူတွဲလုပ်ခဲ့တဲ့ ခိုင်သင်းကြည်အကြောင်းတွေ ပြောလာပါတယ်။ အရမ်းကို ချေခဲ့တဲ့ မင်းသမီးဖြစ်တယ်လို့ဆိုပါတယ်။

Photo: Khine Thin Kyi



လူမင်းကတော့ ၁၀ စုနှစ်အကျော်ကြာ အနုပညာအလုပ်တွေ အတူတူတွဲလုပ်လာတဲ့ မင်းသမီးတွေ ထဲကမှ ခိုင်သင်းကြည် အကြောင်းကို အရွှန်းဖောက်ပြောပြလာပါတယ်။ အရင်တုန်းက အကျင့်တွေအတိုင်း မပြောင်းလဲသေးဘူးလို့ မီဒီယာ အင်တာဗျူးတွေကနေ စနောက်ခဲ့ပါသေးတယ်။

‘’ မခိုင်လေးကတော့ စိတ်ထားလေးကလည်းကောင်း၊ သူတစ်ပါးအပေါ်လည်း ကူညီတတ်၊ စိတ်ကိုလည်း ရှင်းရှင်းထားတတ်သူဆိုတော့ ရွယ်တူတွေထက်စာလို့ရှိရင် သူကပိုပြီးတော့ နုပျိုနေတာပေါ့နော်။ မပြောင်းလဲသေးတာကတော့ ရှပ်ပြာ၊ ရှပ်ပြာနိုင်တာပေါ့။ အစ်ကိုတို့တွေက အလုပ်တွေ လုပ်လာကြတာ နှစ်ပေါင်း ၁၀ စုနှစ် များစွာရှိလာခဲ့ပြီ ဆိုတော့ မောင်နှမအရင်းတွေလို ဖြစ်နေပါပြီ’’ လို့ ဆိုပါတယ်။

Photo: Khine Thin Kyi

လူမင်းဟာ ခိုင်သင်းကြည်တစ်ယောက် အနုပညာအလုပ်တွေ စလုပ်တုန်းက အမှတ်တရတွေကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။ ကြည့်လို့မရတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်တဲ့။

‘’ ဟိုးအရင်တုန်းကတော့ သူကခင်ကြီးကျယ်အစစ်လေ။ တက္ကသိုလ်ကျောင်းသူဘဝ၊ ကြော်ငြာမော်ဒယ်ကနေ မင်းသမီးလုပ်တယ်။ အစ်ကိုတို့ သရုပ်ဆောင်လောကထဲ ဝင်လာတော့လည်း ဘယ်သူနဲ့မှ သူနဲ့အဆင်မပြေဘူး။ တကယ်တော့ သူက ဘာရယ်ညာရယ်မဟုတ်ဘူး ချေတယ်ဆိုတဲ့ စကားက သူနဲ့ အဲဒီတုန်းကတည်းက စတာ။ အစ်ကိုတို့ဆိုရင် အရင်တုန်းက သူ့ကို ကြည့်လို့မရဘူး။ ဒါပေမယ့်လည်း ဟိုဟာရိုက်၊ ဒီဟာရိုက် တွေ့ဆုံလာတာ များလာတော့လည်း ရင်းနှီးသွားရော။ အဲဒီတော့မှ သူက ငဂေါက်ပါလားဆိုပြီးတော့ သိသွားတာ။’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက ခိုင်သင်းကြည်ရဲ့ မွေးနေ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo:Khine Thin Kyi

လူမင်း နဲ့ ခိုင်သင်းကြည်တို့ အနုပညာမောင်နှမ နှစ်ယောက်ဟာ သရုပ်ဆောင်လောကမှာ နှစ်ပေါင်းများစွာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာသူတွေ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်အတူတွဲပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဗီဒီယိုဇာတ်ကားတွေ အပြင် တီဗီကြော်ငြာပေါင်းများစွာလည်း ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။အခုချိန်ထိလည်း ရုပ်ရှင်ကားကြီးတွေ အတူတွဲရိုက်ကူးနေရတုန်းပါ။ သူတို့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်ပါတယ်။

Photo: Khine Thin Kyi

လူမင်းဟာ ကျန်စစ်မင်းရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး Anubis ရုပ်ရှင်ဇာတ်ကား၊ ကြတ်ဂူ ရုပ်ရှင်ဇာတ်ကား နဲ့ ညစ်တွန်း ရုပ်ရှင်ဇာတ်ကားတို့ကို ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့သူပါ။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။



Share

Loading Next Article...
က္က