ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ဆောင်ပါတယ်တဲ့။

စံရတီမိုးမြင့်ကတော့ အခုချိန်မှာ Covid ကာလမပြီးသေးပေမယ့်လည်း ရိုက်ကူးရေးတွေ စတင်လုပ်ဆောင် နေရတဲ့အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: San Yati Moe Myint



စံရတီမိုးမြင့်ကတော့ အခုဆိုရင် အလှဓာတ်ပုံ ရိုက်ကူးရေးတွေ စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ COVID-19 ကာလ မပြီးသေးတာကြောင့်လည်း စနစ်တကျ ဆောင်ရွက်ပြီးမှ ရိုက်ကူးရေးလုပ်ကြတာဖြစ်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

 “ အခုချိန်မှာ အိမ်မှာနေရင်း လေ့ကျင့်ခန်းတွေ လုပ်ဖြစ်တယ်။ ပြီးတော့ Photo Shooting လေးတွေ ပြန်စပြီဆိုတော့ ရိုက်ဖြစ်တယ်။ ဒါတွေကလည်း ပြန်ရိုက်တာ ၃ ရက်၊ ၄ ရက်လောက်ပဲရှိတာပါ။ အကုန်လုံးကလည်း ကိုယ့်လူတွေချည်းပါပဲ။ ပြီးတော့ လူအများကြီးနဲ့ ရိုက်တာလည်း မဟုတ်ဘူး ။ အကုန်လုံးက Mask တွေ တပ်တယ်၊ လက်သန့်ဆေးတွေ သုံးတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ အတိုင်းပဲ ဆောင်ရွက်ကြတာပါ”လို့ သူကဆိုပါတယ်။ 

Photo: San Yati Moe Myint

သူမကတော့ အိမ်မှာနေရတဲ့ အချိန်တွေဆိုရင် သူငယ်ချင်းတွေ နဲ့ အပြင်အရမ်းသွားချင်တယ်လို့ စံရတီမိုးမြင့်က ဆိုပါတယ်။ ချစ်ရတဲ့ ပရိသတ်တွေနဲ့ အတူတူ အရင်တုန်းကလို ဘုရားတွေ အတူတူသွားချင်တယ်လို့လည်း သူက ပြောပါတယ်။ 

“ တကယ်ဆိုရင် သဲ ရဲ့ ပရိသတ်တွေနဲ့လည်း အရမ်းတွေ့ချင်တယ်။ သူငယ်ချင်းတွေ အများကြီးကို လည်းတွေ့ချင်တယ်။ ဘုရားတွေလည်း အတူတူသွားချင်တယ်။ Covid ကာလဆိုတော့လည်း ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာလေ နော်။ အဲဒါကြောင့် ကိုယ်တွေ့ချင်တဲ့သူတွေ အကုန်လုံးကို ခေါ်ပြန်ရင်လည်း လူစုလူဝေးဖြစ်မှာကြောက်တော့ သူငယ်ချင်းတွေကို နည်းနည်းချင်းစီ ခွဲပြီး တွေ့ရမှာပါ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: San Yati Moe Myint

စံရတီမိုးမြင့်ဟာ ၂၀၂၀ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ အသက် ၂၆ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူမကိုတော့ ဗီဒီယို ဇာတ်ကားတွေ ၊ TV ကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိလည်း တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေနဲ့ ဂျာနယ်တွေရဲ့ မျက်နှာဖုံးရှင်တစ်ဦးအဖြစ် အနုပညာအလုပ်တွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စံရတီမိုးမြင့်ဟာ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့တဲ့ သူ့အနေနဲ့ ပရိသတ်တွေနဲ့အဆက်အသွယ်မပျက်အောင် ဖေ့စ်ဘွတ်ကနေ ဆက်သွယ် လျှက်ရှိတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က