သူမရဲ့ သဘောထားတွေကို အခုလို ပြောပြလာပါတယ်။

အေးမြတ်သူကတော့ အနုပညာရှင် တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေ ပြန်လုပ်ခွင့်ရလာတဲ့ အတွက် အရမ်းဝမ်းသာတယ်လို့ ပြောပါတယ်။ 

Photo: Aye Myat Thu



COVID-19 ကူးစက်ရောဂါကြောင့် အနုပညာရှင်များစွာဟာ (၄) လအကြာ ဇာတ်ကားရိုက်ကူးရေးတွေ နားခဲ့ရပါတယ်။ အခုဆိုရင်တော့ ဇာတ်ကားရိုက်ကူးခွင့်တွေ ပြန်ရလာပြီဆိုတဲ့ အပေါ် အနုပညာလောကသားတွေအတွက် သရုပ်ဆောင် အေးမြတ်သူက ဝမ်းသာပီတိဖြစ်ရတယ်လို့ Duwun ကို ပြောပြလာပါတယ်။ 

“ ရိုက်ခွင့်တွေ ပြန်ရတဲ့အချိန်မှာ အရမ်းဝမ်းသာတယ်။ အရင်တုန်းကတော့ ရိုက်ခွင့်မရလို့ မရိုက်ရဘူးဆိုတော့ လူတွေက ဘာမှ မတွေးရတော့ဘူး။ အခုကျတော့ စည်းဘောင်လေးနဲ့ ပြန်ရိုက်ရတော့မယ် ဆိုတော့ အရမ်းဝမ်းသာတယ်။ အရင်တုန်းကလည်း ဇာတ်ကားတွေ ပြန်ရိုက်ချင်တယ်လို့ ပြောခဲ့ဖူးတယ်။ လုပ်ခွင့်ရပြီဆိုတော့ ဘယ်လို လုပ်လို့ရမလဲဆိုတဲ့ မျှော်လင့်ချက်လေးတွေ ပါလာပြီဆိုတော့ တာဝန်ရှိတဲ့ လူကြီးတွေကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်” လို့ ဆိုပြီးတော့ သြဂုတ်လ ၂ ရက်နေ့က ဝိန့်စိန် ရွှေဆိုင် ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

အေးမြတ်သူဟာ ရုပ်ရှင်ရိုက်ကူးခွင့်တွေ ရလာပေမယ့် COVID-19 ကာလမကုန်သေးတာကြောင့် ဂရုတစိုက်နေထိုင်ရဦးမယ်လို့ သူက ဆိုပါတယ်။ 

" နိုင်ငံခြားမှာဆိုရင် Studio ထဲမှာ ရိုက်တယ်၊ ပြီးရင် အနီးအနားမှာရှိတဲ့ ဟိုတယ် တစ်ခုခုမှာ အားလုံး စုပြီးတည်းကြတယ်။ မြန်မာပြည်မှာကကျတော့ အားလုံး အလုပ်လုပ်တယ်၊ လုပ်ပြီးရင် အိမ်ပြန်ကြတယ်။ ဟိုတယ်မှာနေဆိုပေမယ့်လည်း ထပြန်ချင် ပြန်နိုင်ကြတာပဲဆိုတော့ Safty မဖြစ်ဘူး။ ကိုယ်ထင်တာ ပြောရမယ်ဆိုရင် တစ်နေရာကိုပဲ အားလုံးသွားပြီး အဲဒီက ဟိုတယ်မှာပဲ တည်း၊ Group နဲ့ နေမယ် ဆိုရင်တော့ ပိုကောင်းမယ်လို့ ထင်တာပါပဲ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Aye Myat Thu

အေးမြတ်သူက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က