လွင်မိုးခေတ်တုန်းက ကျောင်းကားတွေ ရိုက်ခဲ့ရတာလေ။

အေးအေးခိုင်ကတော့ တက္ကသိုလ်ကျောင်းဇာတ်ကားတွေ ရိုက်ခဲ့စဉ်က ရိုက်ကွင်းပေါ်မှာ ကြုံခဲ့ရတဲ့ အမှတ်တရလေးတွေကို ပြန်ပြောပြရင်း ကြည်နူးပီတိဖြစ်လို့နေပါတယ်။ 

Photo: Aye Aye Khaing



အေးအေးခိုင်ကတော့ သရုပ်ဆောင် လွင်မိုး အောင်မြင်ကျော်ကြားခဲ့စဉ်တုန်းက ရိုက်ကူးရေးတွေ လုပ်ခဲ့ရတဲ့ အမှတ်တရတွေကို သတိတရပြောလာခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းကားတွေ အများဆုံး ရိုက်ခဲ့ရတဲ့ အချိန်ပါလို့ Duwun ကို ပြောပါတယ်။ 

“ လွင်မိုး တစ်ခေတ်မှာလေ အစ်မရယ်၊ မျိုးမျိုးခိုင်ရယ်၊ မဂွမ်းလေးရယ်၊ အေးသီတာရယ်၊ ဘိုမရယ်ပေါ့ ဒီဘက် ဇာတ်ကားပြီးရင် ဟိုဘက် ဇာတ်ကားရိုက်ဖို့ အထုတ်ဆွဲပြီး ပြေးကြရတာပေါ့။ အဲဒီတုန်းကလည်း တက္ကသိုလ်ဇာတ်ကားတွေကို မောင်မိုး(သရုပ်ဆောင်လွင်မိုး) နဲ့က အရိုက်ရဆုံးလေ။ သူ့ခေတ်မှာ ကျောင်း ဇာတ်ကားတွေချည်းပဲ ရိုက်တာဆိုတော့ ဟိုဘက်က လူရွှင်တော် အုပ်စု၊ ဒီဘက်က မိန်းမ လူရွှင်တော် အုပ်စု ပြောကြဆိုကြ ၊ စကြနောက်ကြ နဲ့ အရမ်းပျော်ခဲ့ရတာ” လို့ ရုပ်ရှင်အစည်းအရုံး အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Aye Aye Khaing

သူမဟာ ဗီဒီယိုခေတ်က ဇာတ်ကား တော်တော်များများမှာ မပါမဖြစ် ဇာတ်ပို့သရုပ်ဆောင် တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ခဲ့ရတုန်းက ပျော်ပျော်ပါးပါးရိုက်ခဲ့ရတာတွေကို အခုချိန်ထိ မမေ့နိုင်သေးဘူးလို့ သူက ဆိုပါတယ်။ 

“ အဲဒီအချိန်လေးတွေ လွမ်းတယ်၊ ဒီလို အပျော်က ဘယ်တော့မှ ပြန်မရတော့ဘူး။ အခုဆို အစ်မတို့က စီးပွားရေးဘက်ဖြစ်သွားပြီ။ အရင်တုန်းကဆိုရင် ခေါင်းထဲမှာ စီးပွားရေးဆိုတာ မရှိဘူး။ ဇာတ်ကား ရိုက်ဖို့လောက်ပဲ။ လူဟောင်းတွေကို မေးကြည့်ရင်လည်း အစ်မလိုပဲ ခံစားရမှာပါ။ အဲဒီတုန်းက အပျော်တွေက ဘာနဲ့မှ လဲလို့ မရဘူး။ သူငယ်ချင်းတွေ ဆုံကြရင်လေ အဲဒီ အကြောင်းလေးတွေ အမြဲပြောဖြစ်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Aye Aye Khaing

 အေးအေးခိုင်ကတော့ ဟာသသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေမှာပါဝင်ပြီး ပရိသတ်အားပေးမှု စတင်ရရှိလာခဲ့သူပါ။ သူ့မှာတော့ ဉာဏ်သွေးဟန် ဆိုတဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သားလေး ၆ နှစ်အရွယ်ကတည်းက ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မိခင်တစ်ယောက်တည်း အင်အားနဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့လည်း သိရပါတယ်။ သားဖြစ်သူ ဉာဏ်သွေးဟန်ကလည်း ပညာရေးမှာ ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က