ကိုယ့်စိတ်က ဘာဖြစ်သွားမလဲဆိုတာကို သိချင်လို့။

မေ ကတော့ သီချင်းအသစ်လေးထဲမှာ သူ့လက်နဲ့ အမှန်တကယ် ခေါင်းတုံးတုံးလိုက်တဲ့ အကြောင်း ပြောပြလာပါတယ်။ သူ အားကျရတဲ့အဆိုတော်တွေကို အားကျလို့ အခုလို လုပ်ဖြစ်ခဲ့တာပါတဲ့။ 

Photo: May



အဆိုတော် မေ ကတော့ ရှုတင်တစ်ခုမှာ အမှန်တကယ် ခေါင်းတုံးတုံးလိုက်တဲ့အကြောင်းကို ပြောပြလာပါတယ်။ သူကိုယ်တိုင် ခေါင်းတုံး တုံးခဲ့တာဖြစ်ပြီး “Good Bye” ဆိုတဲ့ သီချင်းလေးကို အသက်သွင်းလိုက်တာဖြစ်တယ်လို့ Duwun Media အင်တာဗျူးကနေ ဖြေဆိုခဲ့ပါတယ်။ 

“ အဲဒါက မနှစ်ကတုန်းကပါ။ ခေါင်းတုံး တုံးတဲ့ဗီဒီယို တစ်ခုရိုက်ချင်တယ်ပေါ့။ ပြီးတော့ ညီမကြိုက်တဲ့ အဆိုတော်တွေရဲ့ Music Video တွေလည်းကြည့်ဖြစ်တယ်။ သူတို့က ယောကျ်ားလေးတွေလည်းဖြစ်တယ် 21 pilots ပေါ့ သူတို့ကလည်း သီချင်းဆိုနေရင်းနဲ့ ဆံပင်ကို ရှိတ်ထိုးလိုက်တာပေါ့။ အဲဒီတော့ ကိုယ်လည်း Emotion တစ်ခုဖြစ်သွားတယ်၊ ငါသာအဲဒီလိုလုပ်ရင် ဘယ်လိုခံစားရမလဲပေါ့ဆိုပြီးတော့ ဒီ Video လေးကိုရိုက်ဖြစ်သွားတယ်"လို့ သူကဆိုပါတယ်။ 

Photo: May

“Good Bye"သီချင်းလေးကိုလည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က မေ ရဲ့ Facebook Page မှာတင်ခဲ့တာ တွေ့ရပါတယ်။ ဒီသီချင်းလေးကိုလည်း ပရိသတ်တွေက အရမ်းအံ့အားသင့်ခဲ့တယ်လို့ မေ က ပြောပါတယ်။  

" Music Video ကလည်း တင်ပြီးသွားပါပြီ။ ပရိသတ်တွေကလည်း Share ပြီးတော့ တကယ်ခေါင်းတုံးတုံးလိုက်တာလား ဆိုပြီးတော့ မေးကြတာပေါ့။ တကယ် ခေါင်းတုံးတုံးတဲ့ ပုံလေးတွေကလည်း အမှတ်တရ ပြန်တင်လိုက်တာပါ။ အဲဒီ ဗီဒီယို ထွက်ကတည်းက ပရိသတ်တွေကလည်း တကယ်တုံးမှန်း သိလိုက်တာပါ။ ဒီသီချင်းက အရင်လုပ်နေကြပုံစံမျိုးမဟုတ်ပဲ သီချင်းထွက်ပြီးမှ Music Video ရိုက်တာမဟုတ်ပဲ၊ Music Video ရိုက်ပြီးမှ သီချင်းထွက်ခဲ့တာပါ" လို့ဆိုပါတယ်။ 

Photo: May

လက်ရှိမှာတော့ မေ ရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ သီချင်းတစ်ပုဒ်ထွက်တိုင်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာဖြစ်ပါတယ်။ သီချင်းတိုင်းကိုလည်း စိတ်တိုင်းကျ ပုံဖော်ခဲ့တာပါလို့ သူက ပြောပါတယ်။ 

“နောက်ထပ် Music Video တွေမှာတော့ ထူးထူးဆန်းဆန်းတွေ လုပ်သွားမှာ မဟုတ်သေးဘူး။ ဒါကလည်း မနှစ်ကတုန်းက ရိုက်ချင်လွန်းလို့သာ ရိုက်လိုက်တာ။ ခေါင်းတုံး တုံးကြည့်လိုက်ရင် ငါ့ စိတ် ဘာဖြစ်မလဲ ဆိုတာ သိချင်လို့ တုံးလိုက်တာ။ ရိုက်ကာနီးတော့လည်း မရိုက်တော့ဘူးလို့လုပ်မိသေးတယ်။ ဒါပေမယ့် ကိုယ့် ဦးနှောက်ထဲမှာ ဒါကို လုပ်ချင်တယ်လို့ ဆုံးဖြတ်ပြီးရင် လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ ရိုက်လိုက်တဲ့ သဘောပါ" ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: May

မေ ကိုတော့ ပရိသတ်တွေက သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့သူဖြစ်သလို တီဗီကြော်ငြာတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ သရုပ်ဆောင်လုပ်တာ ကြာလာတဲ့အချိန်မှာတော့ သူမက ဂီတလောကထဲက ဝင်ရောက်လာခဲ့ပါတယ်။ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ "Marry Me" ဆိုတဲ့ သီချင်းကိုတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Single Song လေးတွေ ထွက်ရှိလာတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က