ဒီပွဲက တတိယအကြိမ်မြောက်ပြုလုပ်တာဖြစ်ပေမယ့် မြန်မာနိုင်ငံကိုယ်စားပြုကတော့ ဒီနှစ်မှာ ပထမဆုံးရတဲ့သူပါ။
Sabal Thwin

ထက်ဦးထွဋ်ကတော့ ထိုင်းနိုင်ငံကပြုလုပ်တဲ့ Thailand Digital Awards 2020 ဆုချီးမြှင့်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး Digital Award ဆုရှင်တစ်ယောက် ဖြစ်လို့လာပါပြီ။ 

Photo: Htet Oo Htut



သရုပ်ဆောင် မော်ဒယ်လ် ထက်ဦးထွဋ်ကတော့ ထိုင်းနိုင်ငံကပြုလုပ်တဲ့ Thailand Digital Awards 2020 ဆုချီးမြှင့်ပွဲမှာ Digital Award ဆုရရှိခဲ့တဲ့အကြောင်းကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူဟာ Thailand Digital Awards 2020 ဆုပေးပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပထမဆုံး Digital Award ဆုရှင်ဖြစ်ပါတယ်။ 

“ ဒီဆုချီးမြှင့်ပွဲက လုပ်တာတော့ ၃ နှစ်ရှိပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ မပါသေးဘူး။ ဒီနှစ်မှ ပထမဆုံး ပါဖြစ်တာပါ။ သူ့တို့ဘက်က ကျွန်တော့်ကို ဇန်နဝါရီလ ၂၆ ရက်နေ့မှာလုပ်မယ့် Digital Award ပွဲကို လာနိုင်မလားဆိုပြီးတော့ လှမ်းမေးတယ်။ ဒီပွဲကလည်း အနုပညာအလုပ်တွေနဲ့ သက်ဆိုင်တယ်လို့ပြောတယ်။ ဒါကလည်း ထိုင်းနိုင်ငံက အစိုးရက စီးပွားရေးလုပ်ငန်းရှင်တွေရော၊ အနုပညာရှင်တွေကိုရော ဆုပေးတာဆိုတော့ လာပေးပါ ဆိုတာနဲ့ ကမ်းလှမ်းခဲ့တာပါ။ ကျွန်တော့်ရင်ထဲမှာ အရမ်းဝမ်းသာပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအတွက် အခုလိုကြိုးစားခွင့်ရတဲ့အတွက် ပျော်လည်းပျော်တယ်။ ကြိုးလည်း ကြိုးစားနေပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Htet Oo Htut

ထက်ဦးထွဋ်ဟာ Altitude Men International 2018 winner ဆုကြီးကို ထိုင်းနိုင်ငံမှာ ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်ခဲ့သူပါ။ အခုဆိုရင်တော့ Thailand Digital Awards 2020 ဆုပေးပွဲမှာ နိုင်ငံ ၇ နိုင်ငံက Digital Award ဆုရှင်တွေလည်း တက်ရောက်လာမယ်လို့ သိရပါတယ်။ 

“၂၀၁၈ ခုနှစ်လောက်တုန်းက ထိုင်းနိုင်ငံမှာ ကျွန်တော်က ဆုရခဲ့ဖူးတယ်။ အခု Digital Award ဆုကကျတော့ သူတို့ရဲ့ Digital လောကမှာ ကျွန်တော်က တိုးတက်မှုရှိတဲ့ လူတစ်ယောက်လို့ သတ်မှတ်လို့ ပေးတာပါ။ လူငယ်ပိုင်းတွေကို ပိုအဓိက ထားတာပေါ့နော်။ ကျွန်တော့်ကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ပေးတာပေါ့။ လာအို၊ စပိန်၊ ကမ္ဘာဒီးယားတို့လည်းပါတယ်။ နိုင်ငံပေါင်းကတော့ ၇ နိုင်ငံလောက်ရှိတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Htet Oo Htut

ထက်ဦးထွဋ်ကိုတော့ Boy Love Series တစ်ခုဖြစ်တဲ့ ‘’Innocence’’ ဇာတ်လမ်းတွဲမှာပါဝင်မယ့် မြူခိုး ကာရိုက်တာနဲ့ ပရိသတ်တွေ ပိုသတိထားမိခဲ့ကြ တာပါ။ ဒီဇာတ်လမ်းတွဲကနေ နှုတ်ထွက်လိုက်တဲ့ အချိန်မှာတော့ ပရိသတ်အားပေးမှု လျော့နည်းသွားတယ်လို့ သူက ဆိုပါတယ်။ သူဟာ Model တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းတော့မယ်လို့လည်း သိရပါတယ်။ မကြာသေးခင်က Dutch Mill Shining Star ရဲ့ Winner တစ်ယောက်ဖြစ်လာပြီးတဲ့ နောက်မှာတော့ ဇာတ်ကားရိုက်ကူးဖို့တွေ လာရောက် ကမ်းလှမ်းထားတာ ရှိတယ်လို့ သူက ပြောပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က