အလိုတော်ပြည့်ကျောင်းတိုက်မှာ လှူဒါန်းခဲ့တာပါ။

သရုပ်ဆောင် လွင်မိုးကတော့ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားလျှက်ရှိတဲ့ COVID-19 ရောဂါပိုးကူးစက်မှုကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းစက်တွေ လှူဒါန်းခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ 

သရုပ်ဆောင် လွင်မိုးကတော့ သြဂုတ်လ(၂၇) ရက်နေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်အတွင်းရှိ ဒေသများအတွက် Covid ရောဂါ ကာကွယ်ရေးဆောင်ရွက်နိုင်ရန် အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော် အသျှင်ကုမာရ ကနေတဆင့် ပိုးသတ်ဆေးဖြန်းစက်(၁၀)လုံး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 



"ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလွင်မိုး မိသားစုတို့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့ - ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ မောင်တောမြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့များတွင် အရေးတကြီးလိုအပ်နေတဲ့ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပိုးသတ်ဆေးဖြန်းတဲ့ စက်(၁၀)လုံးကို ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အလိုတော်ပြည့်ပါစေ" ဆိုပြီးတော့ သြဂုတ်လ ၂၇ ရက်နေ့ မနက်ပိုင်းက ဆရာတော် အသျှင်ကုမာရရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

လွင်မိုးကိုယ်တိုင်ကလည်း Covid ကူးစက်ရောဂါကြီး အမြန်ဆုံးပျောက်ကင်းစေချင်ပြီလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အစ်ကိုတို့ မျှော်လင့်တာကတော့ ဒီရောဂါကြီး မြန်မြန်ပျောက်ပြီး လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ ၊ အကုန်လုံးလည်း အရင်တုန်းကလို ပျော်ပျော်ရွှင်ရွှင်လေး ပြန်ဖြစ်ကြဖို့ အစ်ကိုတို့လည်း မျှော်လင့်ပါတယ်။ ရောဂါကူးစက်မှုထဲမှာ ကိုယ်တွေလည်း မပါဝင်အောင် ဆင်ဆင်ခြင်ခြင်နေရတာပေါ့လေ။ အဓိက ကတော့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေကြဖို့ပါပဲ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ သူဟာ ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

လွင်မိုးက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က