တစ်နိုင်ငံလုံးက သဘင်သည်တွေအတွက် အလှူလုပ်ပေးတာ အရမ်းကောင်းတယ်။
Sabal Thwin

လူရွှင်တော် ကံပွင့်ဟာ မြန်မာနိုင်ငံအတွင်းက သဘင်သည်ပေါင်း(၁၉၀၀၀) ကျော်အတွက် သဘင်ဥက္ကဌ ဖိုးချစ် ရဲ့ အလှူအပေါ် ကျေနပ်ဝမ်းသာမိတဲ့အကြောင်းပြောလာပါတယ်။ 

Photo; Phoe Chit

Covid ကာလမှာ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတဲ့ တစ်နိုင်ငံလုံးက သဘင်သည်တွေအတွက် သဘင်ဥက္ကဌဖိုးချစ်ရဲ့ အလှူအတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ လူရွှင်တော် ကံပွင့်က ဆိုပါတယ်။ ဖိုးချစ် ဥက္ကဌဖြစ်ပြီးတဲ့နောက် ပြောင်းလဲလာတဲ့ သဘင်လောကအကြောင်း Duwun ကို ပြောပြခဲ့ပါတယ်။ 

“ ဥက္ကဌတစ်ယောက်ဖြစ်လာတဲ့အချိန်မှာ မောင်ဖိုးချစ်ရဲ့ လုပ်ရပ်တွေက သက်သေပြတာပဲလေ။ ဦးကံဆိုရင် အဘ ဝဏ္ဏကျော်ထင် ၊ ဦးစိန်အောင်မင်းတို့ လက်ထပ်ကတည်းက သဘင်လောကထဲမှာ ကျင်လည်လာခဲ့တာပါ။ မောင်ဖိုးချစ် လုပ်တဲ့အချိန်မှာပဲ Covid ဆိုတာ ဖြစ်တာပေါ့။ အရင်ခေတ်တွေတုန်းကတော့ သဘင်သည်တွေ ကချင်တာ ကကြတယ် ဘာညာဆိုတာကလည်း သဘင်အစည်းအရုံးရဲ့ အားနည်းချက်၊ အားသာချက်က ပေါ်ပေါ်ထင်ထင် မသိကြဘူး။ အခုချိန်မှာ မောင်ဖိုးချစ်က တစ်နိုင်ငံလုံးက သဘင်သည်တွေအတွက် သူ တာဝန်ယူပြီး ဖြေရှင်းပေးတဲ့ အခါမှာ အရမ်းကောင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်” ဆိုပြီးတော့ ခန့်စည်သူရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။  

Photo: Kn Pwint

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သဘင်သည်တွေရဲ့ စားဝတ်နေရေးအတွက် လှူရတာဟာ တကယ်ကို တာဝန်ကြီးတဲ့ အလှူဖြစ်တယ်လို့ ကံပွင့်က ပြောပါတယ်။ 

“ မောင်ဖိုးချစ်ရဲ့ အလှူက တာဝန်ကြီးတယ်။ ဘာကြောင့်လည်းဆိုတော့ ဗဟို သဘင်ဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ သဘင်သည်အားလုံးရဲ့ မိသားစု စားဝတ်နေရေးက သူ့ခေါင်းပေါ်မှာရှိတယ်။ သူလည်း စိတ်ထဲက အများကြီးပေးချင်သော်လည်း EC ရဲ့ ဆုံးဖြတ်ချက်အရ တစ်နိုင်ငံလုံးရဲ့ အတိုင်းအတာအတွက် သူ အတတ်နိုင်ဆုံး လှူရတာပေါ့။ လှူတာကလည်း မြို့နယ်တိုင်းမှာ တည်ထောင်ခွင့်လုပ်ထားတဲ့ ဇာတ်ဆရာရယ်၊ အဲဒီအဖွဲ့ထဲမှာ စာချုပ်နဲ့ လုပ်တဲ့ သဘင်သည်တွေကို ပေးတာ၊ ပြီးတော့ မြို့နယ်အတွင်းမှာရှိတဲ့ သက်ကြီး သဘင်သည်တွေကို ပေးတယ်” လို့ ဆိုပါတယ်။ 

Photo: Kn Pwint

လူရွှင်တော် ကံပွင့်ဟာ သဘင်ဥက္ကဌ ဖိုးချစ်ရဲ့ အလှူအတွက် သာဓု ခေါ်ဆိုရင်း ဝမ်းသာပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ သဘင်အစည်းအရုံးက တာဝန်ရှိလူကြီးတွေကလည်း ဖိုးချစ်ရဲ့ အလှူမှာ ညီညီညွှတ်ညွှတ်ပါဝင်လာကြတယ်လို့ သူက ပြောပါတယ်။ 

“ ဒီအလှူအတွက် တစ်နိုင်ငံလုံးက သဘင်သည်တွေက သာဓုခေါ်ကြတာပေါ့။ EC အဖွဲ့က အဖေကြီး ဦးချမ်းသာ၊ ဦးမိုးဝင်း တို့အပြင် ဇာတ်၊ ဆိုင်း၊ အငြိမ့် မှာပါတဲ့ EC တွေ အကုန်လုံးကလည်း မောင်ဖိုးချစ် အရှေ့က လုပ်ဆောင်ချက်တွေကို စည်းစည်းလုံးလုံးနဲ့ ညီညီညာညာ လိုက်ပါပြီး လုပ်တဲ့အတွက် အားလုံးက ဝမ်းသာတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

လူရွှင်တော် ကံပွင့်ဟာ လက်ရှိမှာတော့ သဘင်အစည်းအရုံးမှာ EC အဖွဲ့ဝင် တစ်ယောက်အဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဟာသသရုပ်ဆောင် တစ်ဦးအဖြစ် ဇာတ်ကားတွေလည်း ရိုက်ကူးထားသူ တစ်ယောက်ပါ။ ဟာသပြိုင်ပွဲတွေမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က