ဆုလေးဆုလည်း ရခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မကြာခင် ရုံတင်ပြသတော့မယ့် “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်နှစ်ခုမှာ သွားရောက်ပြသဖို့အတွက် ရွေးချယ်ခံလိုက်ရပါပြီ။ အဲဒီအပြင် “မဟူရာရုပ်ရှင်ရုံ” ဇာတ်ကားဟာ ဆုအမျိုးအစားလေးခုအတွက်လည်း ဆုတွေရရခဲ့ပါသေးတယ်။

ဧပြီ(၂၅) ရက်နေ့မှာ ရုံတင်ပြသမယ့် “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် နှစ်ခုမှာ သွားရောက်ပြသဖို့အတွက် ရွေးချယ်ခြင်း ခံလိုက်ရပြီ ဖြစ်ပါတယ်။ ယင်းရုပ်ရှင်ပွဲတော် နှစ်ခုဟာ အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ ပြုလုပ်မယ့် ရုပ်ရှင်ပွဲတော် နှစ်ခုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ ရဲ့ အခြေစိုက် Cult Critic Film Magazine ကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ပြုလုပ်မယ့် Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်နဲ့ အိန္ဒိယနိုင်ငံမှာပဲ ၂၀၂၀ ဇန်နဝါရီမှာ ပြုလုပ်မယ့် Calcutta International Cult Film Festival ပွဲတို့မှာ သွားရောက်ပြသဖို့အတွက် ရွေးချယ်ခံလိုက်ရတာ ဖြစ်ပါတယ်။



မဟူရာ ရုပ်ရှင်ရုံဇာတ်ကားကြီးဟာ ၂၀၁၉ခုနှစ်မှာ ပြုလုပ်မယ့် Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော် ရဲ့Jean Luc Godard Award အတွက် Monthly Winner (March 2019) အဖြစ် ဆန်ခါတင်ရွေးချယ်ခံထားရပြီဖြစ်သလို ၂၀၂၀ ခုနစ် ဇန်နဝါရီလမှာ ကျင်းပပြုလုပ်မယ့် Calcutta International Cult Film Festival ရဲ့ Golden Fox Award အတွက်လည်း Monthly Winner (March 2019) အဖြစ် ဆန်ခါတင် ရွေးချယ်ခြင်းခံထားရပါတယ်။

ဒါ့အပြင် မဟူရုပ်ရှင်ဇာတ်ကားအတွက် ကဏ္ဍတစ်ခုချင်းအလိုက်လည်း ဆုများ ရွေးချယ်ခံရထားပါသေးတယ်။ အဲဒါတွေက ထိတ်လန့်ခြောက်ခြားဖွယ်ရာရုပ်ရှင်ဇာတ်ကားများ နဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကားများကိုချီးမြှင့်တဲ့ BEST HORROR / SCIENCE FICTION / GENRE FEATURE FILM ဆုအတွက်7th Sense Film Production၊ ပထမဆုံးရုပ်ရှင်ဇာတ်ကားအနေနဲ့ရိုက်ကူးတဲ့1st time Director တွေကို ရွေးချယ်ချီးမြှင့်တဲ့ BEST DEBUT FILMMAKER ဆု အတွက်ဒါရိုက်တာပြည့်ဇော်ဖြိုး၊ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်တွေကိုချီးမြှင့်တဲ့BEST ACTOR ဆု အတွက်သရုပ်ဆောင်နေတိုးနဲ့ အကောင်းဆုံး အသံဖန်တီးမှုBEST SOUND DESIGNING ဆု အတွက် Creative Mahar Studio တို့ဖြစ်ကြောင်းဂမဟူရာရုပ်ရှင်ရုံ ဖေစ့်ဘွတ်စာမျက်နှာမှာ တရားဝင် ကြေညာထားတာတွေ့ရပါတယ်။

မဟူရာရုပ်ရှင်ရုံ ရုပ်ရှင်ဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ရွေးချယ်ပြသခြင်းခံရတဲ့ ပထမဆုံး မြန်မာသရဲကားလည်း ဖြစ်ပါတယ်။ မဟူရာရုပ်ရှင်ရုံ ဇာတ်ကားကြီးကို ဒါရိုက်တာ ပြည့်ဇော်ဖြိုးက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ Riya Ray နဲ့ နန်းဆုဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Horror ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ မဟူရာရုပ်ရှင်ရုံ ဇာတ်ကားကြီးကို ဧပြီ(၂၅) မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က