အသက် ၂၅ နှစ်ပြည့်သွားပြီလို့ ဆိုပါတယ်။

ဘီလီလမင်းအေးကတော့ မွေးနေ့မှာ ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး အလှူအတန်းတွေ လုပ်ဖြစ်ခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ 

အဆိုတော် ဘီလီလမင်းအေးက အခုဆိုရင် အသက်(၂၅) နှစ်ပြည့်ပြီးဖြစ်ပါတယ်။ မတ်လ ၂၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့မှာ အလှူအတန်းတွေ လုပ်ဖြစ်ခဲ့တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ဖူးရဲ့ မွေးနေ့မှာ မိဘမဲ့ဂေဟာမှာလည်း အလှူလုပ်တယ်၊ ဘိုးဘွားရိပ်သာမှာလည်း အလှူလေးတွေ လုပ်ဖြစ်တယ်။ အခုချိန်မှာ လူစုလူဝေးတွေ မလုပ်ဖို့ပြောထားပေမယ့် ဒီအလှူအတွက် တစ်လလောက်ကြိုပြောထားရတာဖြစ်လို့ အခုလို လုပ်ဖြစ်သွားတာပါ။ နယ်က ပရိသတ်တွေလည်း လာဖို့ စီစဉ်ထားပေမယ့် အခုတော့ ဖူးရဲ့ အလှူမှာ သူတို့ မပါဝင်ခဲ့နိုင်ဘူး။ ရန်ကုန်က ပရိသတ်လေးတွေနဲ့ အလှူကို အတူတူလုပ်ခဲ့ကြပါတယ်။ လူစု လူဝေးတွေ မဖြစ်ဖို့လည်း တစ်နေရာကို ၅ ယောက်၊ ၁၀ ယောက်လောက် ဆင်းလှူခဲ့တာပါ” လို့ သူကဆိုပါတယ်။ 

ဘီလီလမင်းအေးကတော့ အနုပညာအလုပ်ကိုပဲ အာရုံစူးစိုက်တတ်သူဖြစ်တာကြော င့် အချစ်ရေးအကြောင်းအရာတွေကိုဦးစားမပေးသေးဘူးလို့ သူမက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမရဲ့ အချစ်ရေး သတင်းတွေကလ ည်း အရမ်းကို တည်ငြိမ်လွန်းလှပါတယ်။ သူမဟာ လက်ရှိမှာ မိဘနှစ်ပါးနဲ့အတူနေထိုင်တာဖြစ်ပြီး ညီမငယ်လေးကိုလည်း စောင့်ရှောက်ပေးနေတာ တွေ့ရပါတယ်။

ဘီလီလမင်းအေးဟာ သူမအသက်တစ်နှစ်ကြီးလာတာနဲ့ အမျှ တည်ငြိမ်ရင့်ကျက်တဲ့ မင်းသမီးတစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ 

“ အသက် တစ်နှစ်ကြီးလာလေ တည်ငြိမ်တဲ့ မိန်းမတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ အခု အသက် ၂၅ ဆိုလည်း လူကြီးဖြစ်လာပြီပေါ့။ ကိုယ့်ကို တော်တော်များများက ကြည့်လိုက်ရင် အသက်ကြီးတယ်လို့လည်း ထင်ကြတယ်။ ဘာမှတော့ မဖြစ်ပါဘူး ဒါပေမယ့် နှစ်တိုင်းကျင်းပမယ့် မွေးနေ့ အလှူလေးကိုတော့ ပရိသတ်တွေ စုံစုံလင်လင်နဲ့ လုပ်ချင်တဲ့ ဆန္ဒတော့ရှိတယ်။ နောက်နှစ်တော့ လုပ်ဖြစ်မယ်လို့ထင်ပါတယ်” ဆိုပြီးတော့ မတ်လ ၂၂ ရက်နေ့က မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ဘီလီလမင်းအေးဟာ Myanmar Idol (Season-2) ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ ပြိုင်ပွဲကြီး ပြီးသွားတဲ့နောက်မှာလည်း ဂီတအလုပ်တွေ ကို တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’အရှုံးမပေးတဲ့ ဝိညာဉ်’’ ဆိုတဲ့ သီချင်းအခွေကို ၂၀၁၈ ခုနှစ် မတ်လ အတွင်းက ထွက်ရှိခဲ့ပါတယ်။ နောက်ထပ်လည်း Single Song တွေ ထွက်ခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က