social ကောင်းတယ်တဲ့။

အေသင်ချိုဆွေရဲ့ သမီးလေးလေး Ivy လေးက ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားသူလေးပါ။ ပရိသတ်တွေရဲ့ ချစ်ခြင်းကို ပိုင်ဆိုင်ထားတဲ့ ivy လေးအတွက် မေမေကတော့ ပီတိတွေ ဖြစ်လို့နေပါတယ်။

 

Photo : အေသင်ချိုဆွေ

အေသင်ချိုဆွေကတော့ အရမ်းကို ချစ်ဖို့ကောင်းပြီး အရမ်းကို တတ်လွန်းတဲ့ Ivy လေးအကြောင်း ပြောပြလိုု့လာပါတယ်။ Ivy လေးက Social လည်း အရမ်းကောင်းသလို PR လည်း အရမ်းကောင်းတယ်လို့ ဆိုပါတယ်။ အမေ့ထက် သာတာတွေအများကြီး ရှိတယ်လို့ အေသင်ကပြောပါတယ်။

“သူကလူမကြောက်ဘူး ။ အေသင်ကမှ လူများရင် ကြောက်တယ်။ သူကတော့ လူတွေများရင်ပျော်နေတာ။ social လည်းကောင်းတယ်။ ပြီးတော့ pr လည်း ကောင်းမှာပါ။ အမေ့ထက် သာတာတွေလည်း အများကြီး ။ Ivy ကို ချစ်တဲ့ပရိသတ်တွေက ပိုများတယ်။တစ်နေရာ သွားရင်လည်း ကိုယ့်ကိုတွေ့ရင် သူ့ကို မေးတာ ။ သူ့ကို ချစ်ပေးကြတဲ့အတွက် မိခင်တစ်ယောက်အနေနဲ့ ပျော်တယ်။ သူကိုယ်တိုင်ကလည်း လူလည်း မကြောက်တော့ တစ်ခါတခါ ပွဲတွေသွားရင် လူတွေအရမ်းများတော့ ကြောက်ရတယ်။ သူက ဘယ်သူခေါ်ခေါ် လိုက်တယ်။ အဲ့ဒါတော့ စိုးရိမ်မိတယ်။ ဒါပေမယ့် သူကို ချစ်ပေးကြတဲ့ အတွက် အရမ်းပျော်တယ်။ အရမ်းပီတိဖြစ်တယ်” လို့ ဇူလိုင်(၂၀) ရက်နေ့က ပြုလုပ်တဲ့ KER ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။

Photo : အေသင်ချိုဆွေ

သမီးလေးကို အနုပညာအလုပ်တွေ အသက်အရွယ်အပိုင်းအခြားလေး တစ်ခုရောက်မှ လုပ်ခိုင်းစေချင်လို့ ဆိုပါတယ်။

“အနုပညာလုပ်ဖို့ လာကမ်းလှမ်းရင်တော့ အသက်အရွယ်အပိုင်းအခြားလေးပေ့ါနော်။ ဒီအရွယ်ကျတော့ ပြောတာတော့ နားလည်တယ် အမူအယာတွေ လုပ်တော့လုပ်တယ်။ ဒါပေမယ့်စိတ်ပါရင်လုပ်တယ်။ ကလေးဆိုတော့လေ။ အသက်အပိုင်းလေး တစ်ခုရောက်မှ ပဲ သူ့ကို လုပ်ပေးချင်တယ်။ ဒီအရွယ်ကတော့ လွတ်လွတ်လပ်လပ် ပျော်ပါစေ” ဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : အေသင်ချိုဆွေ

Ivy လေးက လက်ရှိမှာ မူကြိုတက်နေပါပြီ။(၂)နှစ်အရွယ်သာရှိသေးတဲ့ အေသင်ရဲ့ သမီး Ivy လေးဟာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူလေး ဖြစ်ပါတယ်။

အေသင်ချိုဆွေ က အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။ အေသင်ချိုဆွေကို ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေသိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။

Share

Loading Next Article...
က္က