ဘယ်လိုလေးများလဲ။
Ei Ei Myat

အေသင်ချိုတွေကတော့ ပရိသတ်တွေ ချစ်မြတ်နိုးရတဲ့ Ivy လေးကို မြန်မာနာမည်လှလှလေးပေးလိုက်ပါပြီ။ Ivy လေးက လူချစ်လူခင်ပေါများတဲ့ ကလေးလေးတစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ေအသင်ချိုဆွေ

အရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းလှတဲ့ Ivy လေးကတော့ ဒီနေ့မှာ မြန်မာနာမည်တစ်ခုရသွားပါပြီ။ အေသင်ချိုဆွေကတော့ Ivy လေးရဲ့ မြန်မာနာမည်ကို "“သင်မြတ်နိုး"”ဆိုပြီး ပေးထားတာတွေ့ရပါတယ်။ သင်တို့အားလုံး မြတ်နိုးရတဲ့သူလေးမို့ “သင်မြတ်နိုး” ဆိုပြီး မှည့်ဖြစ်တာလို့ အေသင်ချိုဆွေက ပြောပါတယ်။

“သင်တို့မြတ်နိုးရတဲ့ သူလေးမို့လို့ သင်မြတ်နိုး လို့ပဲမြန်မာနာမည်ပေးလိုက်တော့မယ်နော်။ သင်မြတ်နိုး @ Ivy” ဆိုပြီး အောက်တိုဘာ(၂၅) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ေအသင်ချိုဆွေ

အေသင်ချိုဆွေရဲ့သမီးလေး Ivy ကတော့ ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးတစ်ဦးပါ။ Ivy လေးက အခုဆိုရင် အရမ်းကိုလည် အရမ်းကို တတ်လွန်းတဲ့ ကလေးလေး တစ်ယောက်ပါ။ ဒါကြောင့်လည်း မေမေ အေသင်က အသည်းအသန်ကို အချစ်တွေ ပိုနေရပါတယ်။

Ivy လေးက အခုဆိုရင်အသက်(၂)နှစ်ကျော်အရွယ်ကို ရောက်နေပြီဖြစ်ပြီး Pingus English International kindergarten Myanmar မှာ ကျောင်းတက်နေတာ ဖြစ်ပါတယ်။

Photo : ေအသင်ချိုဆွေ

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။



က္က