သူကိုယ်တိုင်လည်း Shipper တစ်ယောက်ပါတဲ့။

မင်းသွေးခန့် နဲ့ Jay Baas တို့ကို Min Jay ဆိုပြီး တွဲပေးကြတဲ့အပေါ် မင်းသွေးခန့်က အခုလို ပြောပြလာပါတယ်။ 

Photo: Min Thway Khant



သရုပ်ဆောင် မင်းသွေးခန့်ကို ပရိသတ်တွေက Jay Baas နဲ့ အတွဲပုံစံကို ပိုအားပေးကြတယ်လို့ သိရပါတယ်။ ပရိသတ်တွေ အခုလို အားပေးကြတာကိုလည်း မင်းသွေးခန့်က ဝမ်းသာနေတာဖြစ်ပြီး ကိုယ်တိုင်ကလည်း Shipper တစ်ယောက်ဖြစ်ခဲ့ဖူးတာကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ကျွန်တော်တို့ကို Fan တွေက Min Jay ဆိုပြီးတော့ Ship ကြတယ်။ ကျွန်တော်နဲ့ Jay Baas ကို ချစ်ကြတာက ပျော်စရာပဲ မုန်းကြတာမှ မဟုတ်တာလေ။ ကျွန်တော်လည်း Shipper တစ်ယောက်ပါပဲ။ ဘယ်လောက်အထိ Ship သလဲဆိုရင် ကားတောင် အက်ဆီးဒင့်ဖြစ်တော့မလိုပဲ။ ရွှေတိဂုံဘုရား မပိတ်ခင်ကပေ့ါ ယောင်္ကျားလေးနှစ်ယောက်ပေါ့ ပုဆိုးလေး ဆင်တူဝတ်၊ ပုခုံးလေး ဖက်ပြီး လမ်းလျှောက်တာကို သဘောကျလို့ ဓာတ်ပုံ လှမ်းရိုက်တာ အရှေ့က ကားကို ဝင်ဆောင့်တော့မလိုတောင် ဖြစ်သွားတယ်။ မိန်းကလေး အတွဲပဲဖြစ်ဖြစ်၊ ယောင်္ကျားလေး အတွဲပဲ ဖြစ်ဖြစ် Ship ရတာ ဝါသနာ အရမ်းပါတယ်” ဆိုပြီးတော့ Innocence ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Min Thway Khant

မင်းသွေးခန့်ကတော့ အချစ်ရေးနဲ့ ပတ်သက်လာရင် LGBT တွေရဲ့ အချစ်က ခိုင်မြဲတယ်လို့ မှတ်ယူထားပါတယ်တဲ့။ အတားအဆီးတွေကြားထဲမှာ ချစ်နေကြတာက စစ်မှန်တဲ့ အချစ်တစ်ခု ဆိုတာကိုလည်း သူက ပြောပြထားပါသေးတယ်။ 

“ သူတို့ရဲ့ အချစ်က ပိုခိုင်မာမယ်လို့ ကျွန်တော် ထင်တယ်။ ပုံမှန် ယောင်္ကျားလေး၊ မိန်းကလေး အချစ်က သဘာဝပဲလေ။ သူတို့တွေ တွဲတာက ကျတော့ မိသားစုနဲ့လည်း အတိုက်အခံလုပ်ရတယ်၊ ပတ်ဝန်းကျင်မှာဆိုရင်လည်း နှိမ်ကြတာတွေရှိတယ်။ အဲဒီလို နှိမ်ကြတဲ့ ကြားက သူတို့ ချစ်ကြတယ်ဆိုတာက ပိုပြီးတော့ စစ်တယ်လို့ ထင်ပါတယ်။ LGBT ကို လက်မခံတဲ့ အသိုင်းအဝိုင်းကလည်း ရှိတယ်၊ မိဘတွေကလည်း လက်မခံတဲ့ ကြားထဲက မရမက ချစ်ကြတာဆိုတော့ အချစ်ကို ကိုးကွယ်ကြတာပေါ့နော်။ သူတို့ အချစ်ကတော့ ပိုပြီးတော့ ထူးခြားတယ်ပေါ့ဗျာ” ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Min Thway Khant

မင်းသွေးခန့်ကိုတော့ အဆိုတော် Ar-T သီဆိုထားတဲ့ " Slient" သီချင်း MTV ၊ " Innocence " ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင် တစ်ယောက်အဖြစ် ဆယ်ကျော်သက် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းသွေးခန့်ဟာ TV ကြော်ငြာတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ဘက်ကိုပါ ခြေလှမ်း စတင်လာပြီလို့ သိရပါတယ်။ " Innocence" BL ဇာတ်လမ်းတွဲ ရိုက်ဖို့လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က