တစ်ခု လုပ်မယ်ဆိုရင် တစ်ခုတော့ စွန့်လွှတ်ရမှာပဲ။

ခင်လှိုင်ကတော့ အခုဆိုရင် ကိုယ်ပိုင် Mini Market လေးဖွင့်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ 

Photo: Khain Hlaing



ခင်လှိုင်ကတော့ စီးပွားရေးလောကထဲကို ဝင်ရောက်ဖို့ ခြေလှမ်းတွေ စတင်ပြင်ဆင်နေပါတယ်။ အခုဆိုရင်တော့ သူ ပိုင်ဆိုင်တဲ့ ကားတစ်စီးကို ရောင်းပြီး Mini Market လေးတစ်ခု ဖွင့်တော့မယ်လို့ Duwun ကိုပြောပါတယ်။ 

“ စီးပွားရေး တစ်ခါလုပ်ဖို့ ဘယ်လွယ်ပါ့မလဲဗျာ။ ကျွန်တော်က အရမ်းချမ်းသာတဲ့လူလည်း မဟုတ်ဘူး။ တစ်ခုခုလုပ်ချင်တယ်ဆိုရင် တစ်ခုခုကို ရောင်းရတာမျိုးပေါ့။ အခုဆိုရင် ကျွန်တော်က Mini Market လေး တစ်ခု လုပ်ဖို့အတွက် ကားတစ်စီးရောင်းရမယ်။ ဘယ်တတ်နိုင်မလဲ ကားက စီးစရာရှိနေသေးရင် ပြဿနာမရှိဘူးလေ။ ဒီ စီးပွားရေးလောကထဲကို ဝင်ဖို့ဆိုတာက အရမ်းကြီးတော့ မလွယ်ပါဘူး” လို့ သူက ဆိုပါတယ်။ 

Photo: Khain Hlaing

ခင်လှိုင်ဟာ သားသမီးတွေ အရွယ်ရောက်လာပြီဖြစ်တာကြောင့် ကိုယ်ပိုင်စီးပွားရေးတွေ လုပ်ဖို့ လိုအပ်လာပြီလို့ ဆိုပါတယ်။ အလုပ်နဲ့ ပတ်သက်လာရင် သားနှစ်ယောက်သာမက သမီးငယ်လေး သဇင်ထူးမြင့်ကလည်း အားကိုးရတယ်လို့ ဆိုပါတယ်။ 

“ သားသမီးတွေကလည်း အရွယ်ရောက်လာပြီဆိုတော့ တွက်တတ်၊ ချက်တတ်နေပြီ။ သမီးဆိုရင် Hotel management နဲ့ကျောင်းပြီးထားတာဆိုတော့ သူက အစအဆုံးကို တွက်ပြတယ်။ ဒါကြောင့်လည်း သားသမီးတွေ ကြီးလာမှ စီးပွားရေးလုပ်တာ။ ကိုယ့်ဘာသာကိုယ်သာ ရမ်းလုပ်နေရင် ကုန်မှာ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ ကျွန်တော်တို့က မျိုးရိုးစဉ်ဆက် မိဘအမွေနဲ့ ချမ်းသာလာတဲ့သူမဟုတ်ဘူး။ ကိုယ့်ဒူးကိုယ်ချွန်ပြီး ရှာဖွေလာရတာဖြစ်တဲ့အတွက် စီးပွားရေးလုပ်ဖို့ အရမ်းကျွမ်းကျင်တဲ့သူလည်း မဟုတ်ပါဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Khain Hlaing

သရုပ်ဆောင် ခင်လှိုင်ဟာ ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က