ဝေဖန်တာကတော့ လ ွယ်ပါတယ်တဲ့။

ကျော်ကျော်ဗိုဟာ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ဇာတ်ကားရိုက်တဲ့အခါမှာ Over လုပ်ရတဲ့အခါတွေရှိတယ်လို့ဆိုပါတယ်။ အဲဒီနောက် အနုပညာနဲ့ ပတ်သက်လာရင် ဝေဖန်တာလွယ်ပေမယ့် ဖန်တီးရတာ မလွယ်ဘူးလို့ဆိုပါတယ်။

Photo: Kyaw Kyaw Bo



ကျော်ကျော်ဗိုဟာ ပရိသတ်တွေ ဝေဖန်လေ့ရှိတဲ့ Over Acting ဇာတ်ရုပ်တွေ အပေါ် အခုလို ပြောပြလာပါတယ်။ အနုပညာရှင်တွေဟာ ကာရိုက်တာအတွက် လိုအပ်လို့ Over Acting လုပ်တာပါလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ Over Acting ဆိုတာက ပြောရင်တော့ လွယ်တာပေါ့နော်။ အရမ်းကိုလည်း Over Acting ပေါ့နော်။ အရမ်းအော်လည်း Over Acting ပေါ့နော်။ Normal Line နဲ့ ကျော်ပြီးတော့ လုပ်တဲ့အရာတွေကို Over လို့ပြောကြတယ်။ ကျွန်တော့်ခံယူချက်ကတော့ Over လုပ်တယ်ဆိုတာ သူ့ကာရိုက်တာအရ Over လုပ်ဖို့ လိုလို့ လုပ်တယ်လို့ မြင်ပါတယ်။ တည်ငြိမ်ရမယ့်နေရာကိုတော့ Over လုပ်လို့မရဘူးပေါ့’’ ဆိုပြီးတော့ မတ်လ ၂၆ ရက်နေ့က ‘’တစ္ဆေငိုချင်း’’ဗီဒီယိုဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Kyaw Kyaw Bo

အဲဒီနောက် အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ကာရိုက်တာအရ လုပ်ခဲ့ရတဲ့ ဇာတ်ရုပ်တွေအပေါ် ဝေဖန်လာတဲ့ ပရိသတ်တွေကိုလည်း ကျော်ကျော်ဗိုက အခုလို တုံ့ပြန်စကားဆိုထားပါသေးတယ်။

‘’ အနုပညာဆိုတာက အနုစိတ်ခြယ်မှုန်းရတဲ့ ပညာဖြစ်တာကြောင့် ဒါတွေက ကျွန်တော်လည်း ဝေဖန်ရင်တော့ လွယ်တာပေါ့နော်။ ဒီကောင်ကြီးက အမြဲတမ်း ငိုနေတာပဲကွာပေါ့။ သူဘာလို့ ငိုနေတာလဲ ဆိုတဲ့အကြောင်းအရာကို ကျွန်တော်တို့ မြင်တတ်ဖို့လိုပါတယ်။ သူက အေးလိုက်တာကွာ စကားပြောတာ မပွင့် တပွင့်နဲ့ ဆိုရင်လည်း သူ ဒီလိုဖြစ်အောင် ကာရိုက်တာက ထိန်းချုပ်ပေးထားတယ်ဆိုတာကို နားလည်ပေးရမယ်။ အပြင်က ဝေဖန်ရင်တော့ ဝေဖန်လို့ကောင်းတာပေါ့နော်။ ဒါပေမယ့် ဖန်တီးမှုရဲ့ အတိမ်အနက်ကိုလည်း ချဉ်းကပ်ပြီးတော့ ဝေဖန်ရင်တော့ ကောင်းမှာပါ’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Aye Zaw Moe

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ‘’မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ကျော်ကျော်ဗိုက ရရှိခဲ့တာဖြစ်ပါတယ်။ အကယ်ဒမီ ရသွားပြီးတဲ့နောက်မှာလည်း အနုပညာကြေးက ပရိသတ်ပေးသလောက်ပဲလို့ ဆိုပါတယ်။

‘’အကယ်ဒမီဆိုတာက ကျွန်တော့်ရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ ပရိသတ်အတွက် မှတ်ကျောက်တင်ခံလိုက်ရတယ်၊ မှတ်တိုင်တစ်ခုအနေနဲ့ ပရိသတ် နဲ့ အနန္တောအနန္တ ၅ ပါးကို ဂုဏ်ပြန်ပြုရတဲ့ အရာတစ်ခုလို့ပဲ ကျွန်တေ်ာမှတ်ယူထားပါတယ်။ အကယ်ဒမီရတဲ့အတွက်ကြောင့်လည်း အနုပညာဂုဏ်တက်ရပါတယ်။ အနုပညာကြေးတက်ဖို့ဆိုတာက ပရိုဂျူဆာတွေ၊ ပရိသတ်တွေ ပေးတဲ့၊ သတ်မှတ်ပေးတဲ့ ဈေးပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဈေးမဖြတ်ပါဘူး’’ လို့ သူကပြောပါတယ်။

Photo: Kyaw Kyaw Bo

သူဟာ နိုင်ငံကျော်ရွှေမန်းဦးတင်မောင်၊ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်း တို့ရဲ့ အနုပညာမျိုးစက်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က