အမြဲတမ်း ပျော်ပျော်နေတယ်တဲ့။
Ei Ei Myat

အဆိုတော် မီးမီးခဲက ရင်သားကင်ဆာ အဆင့်(၄) ခံစားနေရတဲ့ အပြင် ဦးခေါင်းရဲ့ ညာဘက်ခွံမှာ ကင်ဆာအသစ်တစ်ခု ထပ်ပေါ်ခဲ့တာကြောင့် ဓာတ်ရောင်ခြည်နဲ့ ကုသနေရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကိုလည်း မြန်မြန် ပြန်လာချင်ပြီတဲ့။

 

Photo : မီးမီးခဲ

ပြည်ပမှာ နေထိုင်နေတဲ့ အဆိုတော် မီးမီးခဲဟာ ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရတာ ဖြစ်ပါတယ်။ ရင်သားကင်ဆာအဆင့် (၄)ခံစားနေတဲ့အပြင် ဦးခေါင်းရဲ့ညာဘက်ခွံမှာ ကင်ဆာအသစ်တစ်ခု ထပ်ပေါ်ခဲ့တာကြောင့် ဓာတ်ရောင်ခြည်နဲ့ ကုသနေရပါတယ်။

ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ အဆိုတော် မီးမီးခဲဟာ သူမရဲ့ ဘဝကို ကင်ဆာသမားတစ်ယောက်လို အသက်မရှင်ဘူးလို့ ဆိုပါတယ်။

“ကင်ဆာဆဲလ်တွေ မတွေ့သေးတဲ့အခြေအနေပေ့ါ။ ထပ်မဖြစ်လာဖို့ ဆုတောင်းနေရတာလေ။ နောက်ကျတဲ့အတွက် အမြစ်ကတော့မပြတ်ဘူး ။ ကင်ဆာဆဲလ်တွေက အခုမရှိတော့ဘူး ဆိုပေမဲ့ ပြန်ဖြစ်ဖို့ ရာခိုင်နှုန်းများတဲ့အထဲမှာပါတယ်။အရမ်းစိုးရိမ်ရတဲ့ နေရာတွေမှာပေါ်လာရင်တော့ ပြန်သွင်းရမှာပါ။အသက်ရှင်ဖို့ထက် လက်ရှိအချိန်နဲ့ ဘဝကိုပဲ တန်ဖိုးထားဖြတ်သန်းနေပါတယ်။ခွဲစိတ်လည်း မမှီတော့ဘူးလေ။ ဖြတ်ထုတ်လို့လည်း မရတော့ဘူး။ အရိုးထဲထိ ပြန့်ကုန်တာဆိုတော့ ဆေးနဲ့ပဲ ထိန်းနေရတာပေ့ါ။ အစ်မကတော့ ကင်ဆာသမားတစ်ယောက်လို အသက်မရှင်ဘူး။ ပျော်ပျော်ပဲ နေတယ်” လို့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး Duwun Media ကို ပြောပါတယ်။

Photo : မီးမီးခဲ

ရောဂါဝေဒနာ ခံစားနေရပေမယ့်လည်း သူမဝါသနာ ပါတဲ့ ဂီတအလုပ်ကို ပျော်ရွှင်စွာ လုပ်ကိုင်နေပြီး သီချင်းအသစ်တွေဖန်တီးနေတာ တွေ့ရပါတယ်။ မီးမီခဲက မြန်မာနိုင်ငံကို ပြန်လာပြီး live Concert လေး လုပ်ချင်တယ်လို့ ဆိုပါတယ်။

“အစ်မ မြန်မာနိုင်ငံ မြန်မြန်ပြန်လာချင်ပါတယ်။ live Concert လည်း လုပ်ချင်တယ်။ ရတဲ့ အမြတ်တွေကို အစ်မလိုပဲ ကင်ဆာရောဂါ ဖြစ်နေတဲ့ဆီကို လှူချင်တယ်”လို့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo : မီးမီးခဲ

မီးမီးခဲဟာ လက်ရှိမှာ ပြည်ပတွင် နေထိုင်နေပြီး ဂီတလောကနဲ့ နည်းနည်း အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းလောက်က သီချင်းအသစ်တစ်ပုဒ် ထွက်ရှိခဲ့ပြီး အဲဒီ သီချင်းလေးနဲ့ပဲ ပရိသတ်တွေ သူမကို ပြန်ပြီး သတိရစေခဲ့တာပါ။ သူမကိုယ်တိုင် ရေးထားတဲ့ “ငါ့ရဲ့ မျက်ဝန်းညို” ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားအ ရမ်းကို နာမည်ကြီးသွားခဲ့တာပါ။

ထူးခြားတဲ့ အသံလေးကို ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းလှတဲ့ အဆိုတော် မီးမီးခဲဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ဦးပါ။


က္က