သူမနဲ့သတင်းတွေ ထွက်လာတဲ့အပေါ်မှာလည်း ပြောပြခဲ့ပါတယ်။

Mary ကတော့ အဆိုတော်ကျားပေါက်တို့ရဲ့ အိမ်ထောင်ရေးကိစ္စမှာ သူမနဲ့ ကောလာဟလသတင်းတွေ ထွက်ခဲ့တဲ့အပေါ်တုံ့ပြန်ဖြေရှင်းမှာမဟုတ်ပါဘူးတဲ့။ တစ်မိသားစုလုံးနဲ့လည်း ရင်းနှီးသလို၊ စိတ်ခံစားချက်ကလည်း ရှင်းလင်းပါတယ်တဲ့။

Photo: Mary



Mary ကတော့ အဆိုတော်ကျားပေါက်တို့ အိမ်ထောင်ရေးပြိုကွဲတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ အဲဒီနောက် သူမနဲ့ကျားပေါက်တို့ တွဲနေတာလားဆိုပြီးတော့ သတင်းတွေ ထွက်ခဲ့တဲ့ အပေါ်မှာလည်း မီဒီယာအင်တာဗျူးတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။

“ အဓိက ကတော့ ကိုကျားနဲ့ သီချင်းလုပ်ဖူးလို့ထင်ပါတယ်။ Mary ထင်တာကတော့ ကိုကျားနဲ့ သီချင်းလုပ်ဖူးတဲ့ မိန်းကလေးတွေက နည်းတယ်။ အလုပ်အတူတူတွဲလုပ်တဲ့ မိန်းကလေးလည်း သိပ်မရှိဘူးလေ။ ဒါက Mary ထင်တာပါ တခြားအကြောင်းအရာတော့ ဘာမှ မရှိဘူး။ မမဇုံနဲ့ Mary လည်း အပြင်မှာခင်တယ်။ Family တစ်ခုလုံးနဲ့သိတယ်၊ Gym လည်း အတူတူပဲလေ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ညက ဝတ်မှုံရွှေရည်ရဲ့ Fan Meeting ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Mary

Mary ဟာ ကျားပေါက်တို့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ကောလာဟလ သတင်းတွေထဲမှာ သူမရဲ့ နာမည်ပါ ပါဝင်လာခဲ့တဲ့အပေါ် ပြန်လည်ဖြေရှင်းသွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

“ Mary အတွက် ထိခိုက်စရာဘာမှမရှိဘူး ကိုယ်က ရှင်းတာကိုး။ ကိုယ်ကလည်းရှင်းတယ်၊ အားလုံးကလည်းသိတယ်၊ Mary Fan တွေကလည်းသိတယ်။ ကောလာဟလဆိုတာကလည်း အမှန်အတိုင်းပြောရရင် Post တစ်ခုလောက်ပဲတွေ့တာ။ Mary မန်နေဂျာကတောင်ပြောသေးတယ် ဒီလိုတွေ ပြောနေတယ်ပေါ့။ Mary မဟုတ်မှန်းလူတိုင်းသိတာပဲ ဖြေရှင်းစရာမှ မလိုတာ” ဆိုပြီးတော့ ရယ်မောရင်း ပြောပြလာပါတယ်။

Photo: Mary

Mary ကိုယ်တိုင်ကလည်း Broken Family ကနေ ကြီးပြင်းလာတဲ့သူတစ်ယောက်ပါလို့ ဆိုပါတယ်။ အရွယ်ရောက်လာမှသာ ဒီလိုခံစားချက်တွေကို နားလည်နိုင်ခဲ့တာပါတဲ့။

“Mary ကတော့ ဘယ် Family မဆိုသာယာစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ Mary ကလည်း Broken Family ကလာတဲ့အတွက်ကြောင့်။ကိုယ်သိလိုက်ရတာကတော့ Family တစ်ခုကို ထိန်းသိမ်းဖို့ဆိုတာ မလွယ်ဘူး။ Family တစ်ခု တည်မြဲတဲ့ မိသားစုတွေအတွက်လည်း ဂုဏ်ယူတယ်။ တစ်ဖက်မှာ ပြိုကွဲခဲ့တဲ့ သူငယ်ချင်းတွေ အတွက်လည်း စိတ်မကောင်းဘူး။ Mary လည်း သမီးတစ်ယောက်အနေနဲ့ ရွေးချယ်ပိုင်ခွင့်မရှိဘူး စိတ်မကောင်းရုံကလွဲလို့ ဘာမှတောင် မပြောပြတတ်တော့ပါဘူး” လို့ဆိုပါတယ်။

Photo: Mary

Mary ကိုတော့ ဝဲ ဆိုတဲ့ သီချင်းလေးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူမက ထူးခြားတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ ကိုယ်ပိုင်သံစဉ်တွေနဲ့ သီဆိုထားတဲ့ ဝဲ ၊ Mask ၊ 3 AM သီချင်းတွေကိုလည်း ပရိသတ်တွေက အားပေး လက်ခံကြလို့ခဲ့ကြတာ တွေ့ရပါတယ်။ သူမရဲ့ သီချင်းတွေဟာ ပရိသတ်ရင်ဘတ်နဲ့လည်း ထပ်တူကျခဲ့တာများပါတယ်။ အခုဆိုရင် Maryဟာ သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ ပိုင်ဖြိုးသုတို့နဲ့ အတူတူ "အဟောင်း" ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က