အခုချိန်ထိ တက္ကစီ စီးနေတုန်းပဲ။

Ar-T ကတော့ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်ပေမယ့်လည်း သူ့မှာ ကိုယ်ပိုင်ကား မဝယ်တဲ့အကြောင်း ပြောပြလာပါတယ်။ သူ့ရဲ့ သီချင်းတွေသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ သူကဆိုပါတယ်။  

Photo: Ar-T



ဖက်ရှင်အမိုက်စား၊ သီချင်းအလန်းစားတွေနဲ့ ပရိသတ်အားပေးမှု အများကြီး ရရှိထားတဲ့ အဆိုတော် Ar-T ကတော့ သူ့မှာ ကိုယ်ပိုင်ကား မရှိသေးဘူးလို့ ဆိုပါတယ်။ အခုချိန်ထိ တက္ကစီ စီးနေတုန်းပဲလို့လည်း အင်တာဗျူးတွေကနေတဆင့် ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပြလာပါတယ်။ 

“ ပရိသတ်တော်တော်များများက အနုပညာရှင်တစ်ယောက်ကို နိုင်ငံခြားကားထဲက လိုမျိုး မာစီဒီးကားကြီးပေါ်က ဆင်းလာတာမျိုး မြင်ကြတာ။ ဒါပေမယ့် ကျွန်တော်ကတော့ တက္ကစီစီးတယ်၊ မစီးဘူး အမှန်အတိုင်းပြောတာပါ။ ကျွန်တော့်ကိုလည်း တက္ကစီဆရာတွေ အများကြီး Comment လာပေးကြတာလည်း တွေ့ရမှာပါ။ ကျွန်တော် စကားအရမ်းများတဲ့ အကြောင်းတွေပါ ထည့်ပြီးတော့ ပြောထားသေးတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့က Joox Top 100 ဖျော်ဖြေပွဲလုပ်မယ့်အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Ar-T

Ar-T ဟာ ကိုယ်ပိုင်ကား ဝယ်ဖို့ထက် သူ့ရဲ့ သီချင်းတွေကို အမိုက်စား ပုံဖော်ဖို့က အဓိက ကျတယ်လို့ ဆိုပါတယ်။ သီချင်းတစ်ပုဒ်ချင်းစီတိုင်းက ပိုသာအောင်၊ ပိုကောင်းအောင် ကြိုးစားနေရတယ်လို့ သူက ပြောပါတယ်။ Ar-T ဟာ ၂၀၁၂ ခုနှစ်လောက်ကတည်းက သူ့ရဲ့ MTV တစ်ပုဒ်ကို ၂၅ သိန်း အကုန်ကျခံရိုက်ကူးခဲ့တာလို့လည်း သိရပါတယ်။ 

“ ကားက စီးချင်ရင် ကျွန်တော့် အစ်မကားကို ယူစီးလို့ရတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်ကားပဲ ကိုယ်စီးချင်တာပေါ့လေ။ အခုချိန်မှာ ကားဈေးကလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတဲ့အချိန်မှာ ဝယ်ချင်တာ ပေါ့နော်။ အိမ်ကလည်း အဖေဝယ်ပေးတဲ့ အိမ်လေးရတယ်။ အခုတော့ Music Video လေးတွေ ရိုက်ပါရစေ။ လောဘကလည်းကြီးတယ်။ ဒီ Music Video တစ်ပုဒ်ကို ပရိသတ်က ကြိုက်ပြီဆိုရင် နောက်တစ်ပုဒ်ကို ပိုကောင်းအောင် လုပ်ရမှာပေါ့" ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Ar-T

Ar-T ဟာ သီချင်းတွေကိုလည်း အလန်းစားပုံဖော်သူဖြစ်သလို သူ့ရဲ့ ဖက်ရှင်တွေကိုလည်း အံ့သြမှင်သက်သွားရလောက်အောင်အထိ ဝတ်ဆင်တတ်သူတစ်ယောက်ပါ။ သူကိုယ်တိုင်ကလည်း ဖက်ရှင်ရေစီးကြောင်းကို အရမ်း စိတ်ဝင်စားတယ်လို့ သိရပါတယ်။ 

“ ကိုယ်က အနုပညာရှင်တစ်ယောက်အနေနဲ့ ပွဲတွေသွားရင် လှလှပပတော့ ဝတ်ချင်တာပေါ့။ ပြီးတော့ ကျွန်တော်က မော်ဒယ်လ် လည်းမဟုတ်၊ မင်းသားလည်း မဟုတ်ဘူးဆိုပေမယ့် ဖက်ရှင်ကို အရမ်းကြိုက်တဲ့ အဆိုတော် တစ်ယောက်ပါ။ အဝတ်အစားနဲ့ ပတ်သက်ရင်တော့ တစ်စက်မှ မလျှော့ဘူး” ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။ 

Photo: Ar-T

အဆိုတော် အားတီကိုတော့ သီချင်းမြူးမြူးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေတာကို တွေ့ရပါတယ်။ အဲဒီနောက် ကိုယ်ပိုင် စီးပွားရေးအနေနဲ့ အားတီရဲ့ ‘’ချဉ်ငံစပ်’’ ဆိုတဲ့ စားသောက်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က