ပရဟိတအလုပ်လေးတွေ ပြန်လုပ်နိုင်ဖို့ ကြိုးစားနေတယ်။

ယုန်လေးကတော့ လမ်းဘေးမှာ သစ်သီးရောင်းနေရတဲ့ အမေကြီးတစ်ယောက်ကို ကျန်းမာရေးထောက်ပံ့ငွေ လှူဒါန်းနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Yone Lay



ယုန်လေးကတော့ ကြော်ငြာရိုက်ကူးရေးလေးတွေ ပြန်လုပ်ခွင့်ရလာတဲ့ အပေါ် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူရရှိလာတဲ့ အနုပညာကြေးတွေနဲ့ အလှူအတန်းတွေ လုပ်ခွင့်ရပြီလို့ သူကဆိုပါတယ်။ 

" မနေ့က အလုပ်လေးတွေ ပြန်စရတယ်။ ရရချင်း လှူချင်တာနဲ့ Cb ကညီလေးတစ်ယောက်ပို့ထားတဲ့ Link ကိုဝင်ကြည့်ပြီး ချက်ချင်းသွားတယ်။ နဂိုထဲက မှ စိတ်က သက်ကြီးရွယ်အိုတွေ တွေ့ရင် စိတ်သိပ်ခိုင်တာမဟုတ်ဘူး ။ ကျွန်တော် မရှိတော့တဲ့ အဘိုးအဘွားပဲ မျက်လုံးထဲ မြင်မြင်နေတာ။ အဖွားကိုလာ လှူတာ တက်နိုင်သလောက် (၁)သိန်း၊ ညီမလေး မြတ်နိုးဝေက (၅သောင်း ) ပါ ၊ ဒါပေမယ့် တွေ့တဲ့ လူတွေ ကျွန်တော်မှာပါတဲ့ (၅သိန်း) လိုအပ်တယ် ထင်လို့ အကုန် ပေးခဲ့ပါတယ်။ ကျွန်တော့်ကို ကြေညာအပ်ပြီး အလုပ်ပေးတဲ့ သူများ  သာဓု ခေါ်လို့ရအောင်ပါ" ဆိုပြီးတော့ သြဂုတ်လ(၂၀) ရက်နေ့ ညနေ (၄) နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 


Photo: Yone Lay

ယုန်လေးဟာ လသာမြို့နယ် ဂမုန်းပွင့်ကုန်တိုက်အနီးက လမ်းဘေးလေးမှာ ဈေးရောင်းနေရတဲ့ အမေကြီးကို ငွေကျပ်(၁) သိန်း သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ကြားက ဈေးရောင်းနေရတဲ့ အမေကြီးအတွက် နောက်ထပ် အလှူရှင်တွေ ပေါ်လာစေချင်တယ်လို့ သူက ဆိုပါတယ်။ 

"အဲ့ဒီအမေ ကြီးက ပြောတယ်။ ဆေးကုနေတာတဲ့ လိုအပ်တုန်း လာလှူလို့ အရမ်းဝမ်းသာပါတယ်တဲ့ ။ သားပိုက်ဆံ အကုန်မသုံးပါဘူးတဲ့။ ကျောင်းဆောက်တဲ့ အထဲ ထည့်လှူမှာပါတဲ့ ။ ပါရင် ထပ်လှူချင်သေးတာ အသိမိတ်ဆွေ များလည်း ၂၃ လမ်း၊ ၂၄ လမ်း၊ ဂမုန်းပွင့်ကုန်တိုက် ၊ သိမ်းကြီးဈေး အနီး တက်နိုင်သလောက် ကူစေချင်ပါတယ် ဗျာ။ အားလုံး Peace" ဆိုပြီးတော့လည်း ဆက်လက်ပြောပြလာပါသေးတယ်။

Photo: Yone Lay

အဆိုတော် ယုန်လေးကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ " စည်းလုံးသင့်ပြီ မြန်မာပြည်"ဆိုတဲ့ Music Video ရိုက်ကူးရေးကို ကိုဗစ်ကာလအတွင်းမှာ ရိုက်ကူးခြင်းကြောင့် ရိုက်ကူးခွင့် တစ်နှစ် ပိတ်ပင်လိုက်တယ်လို့ ဥက္ကဌ ဦးညီညီထွန်းလွင်က သြဂုတ်လ (၇) ရက်နေ့ မနက်က အမှုဆောင်များအစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။ ယုန်လေးဟာ " စည်းလုံးသင့်ပြီ မြန်မာပြည်"ဆိုတဲ့ Music Video ကြောင့် အနုပညာရှင်တချို့နဲ့ ပရိသတ်များစွာတို့ရဲ့ ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က