ကျော်ဟိန်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။

လူကြမ်းသရုပ်ဆောင် စိုင်းအောင်တင့်က သရုပ်ဆောင်ကျော်ဟိန်းရဲ့သင်ပြပေးမှုတွေကြောင့် ဇာတ်ကားတွေ ရိုက်ခဲ့ရတဲ့ အမှတ်တရတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Sai Aung Tint



စိုင်းအောင်တင့်ကတော့ အနုပညာအလုပ်တွေ စလုပ်ခဲ့ချိန်မှာ ကျော်ဟိန်းနဲ့ ဆုံခဲ့ဖူးတယ်လို့ဆိုပါတယ်။ အနုပညာအလုပ်တွေ အတူတူ လုပ်ခွင့်ရတဲ့ အချိန်မှာ ကျော်ဟိန်းရဲ့ စိတ်နေစိတ်ထားတွေအပေါ် တွေ့မြင်လာတဲ့ အရာတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ဦးကျော်နဲ့ ရုပ်ရှင်ရိုက်ရင်လေ မှတ်မှတ်ရရ သူ့ခြံထဲမှာဇာတ်ကားရိုက်တာလေ မနက် (၉) နာရီကတည်းက ဝင်သွားမယ်ဆိုရင် အားလုံးပြီးမှ အပြင်ထွက်ရတာ။ သူက အရမ်းလည်း စည်းကမ်းကြီးတယ်။ သူကြောင့် ကိုယ်တွေလည်း စားဝတ်နေရေး ပြေလည်လာခဲ့တာပါ။ သူနဲ့လည်း ဇာတ်ကားတွေ အများကြီးရိုက်ခဲ့ဖူးတယ်။ ဦးကျော်နဲ့ ရဲ ကားရိုက်တုန်းကဆိုရင် ထောင်ထဲတွေလည်း ဝင်ခဲ့ဖူးတယ်” လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Kyaw Hein

အနုပညာအလုပ်တွေ အဆက်မပြတ်လုပ်ခွင့်ရအောင် အိုက်တင်ပိုင်းက အစ ဦးကျော်ဟိန်းက သင်ပြပေးတယ်လို့ စိုင်းအောင်တင့်က ဆိုပါတယ်။ 

“ ဦးကျော်သင်ပေးခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိတယ် ပရိုဂျူဆာ ကျေနပ်အောင် အိုက်တင်ကို လုပ်ခိုင်းတယ်။ အဲဒီ အိုက်တင်လုပ်နိုင်မှ ပရိုဂျူဆာ မျက်စိကျမယ်၊ ဒါမှ နောက်ထပ် ဇာတ်ကားတွေ ဆက်ရိုက်ဖို့ အဆင်ပြေမယ်လို့ ပြောခဲ့တယ်။ ဦးတို့ ကိုလူချောအဖွဲ့ဆိုတာကလည်း ဦးကျော်ကြောင့် ဖြစ်လာတာ။ " လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Sai Aung Tint

စိုင်းအောင်တင့်ကတော့ လူကြမ်းသရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေ မှာ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်း၊ မုန်းခြင်းကိုလည်း အပြည့်အဝ ရရှိထားသူဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း(၃၀) ကျော်လာခဲ့ပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က