ဒါကတော့ သူမအတွက် ပထမဆုံးပါဝင်သရုပ်ဆောင်ရမယ့် ရုပ်ရှင်ကားကြီးပါ။

Mary ကတော့ အဆိုတော်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ သူမဟာ ''အဟောင်း’’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ စီနီယာအနုပညာရှင်တွေနဲ့ အတူပါဝင်သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Mary ကတော့ သူမကို သရုပ်ဆောင်တစ်ယောက်အဖြစ် မကြာခင်မှာ မြင်တွေ့ရတော့မယ်လို့ဆိုပါတယ်။ သူမဟာ သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ သရုပ်ဆောင် ပိုင်ဖြိုးသုတို့နဲ့အတူ ''အဟောင်း’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



''အရင်တုန်းကလည်း ရုပ်ရှင်ရိုက်ဖို့လာကမ်းလှမ်းတာတွေရှိခဲ့ဖူးတယ်။ Mary ဘက်က Ready မဖြစ်သေးဘူး။ သရုပ်ဆောင်မလုပ်တတ်သေးဘူးဆိုပေါ့။ အခုတော့ Music Video တွေမှာလည်း သရုပ်ဆောင်နေတယ်၊ တီဗီကြော်ငြာတွေလည်း နည်းနည်းလေးရိုက်ဖူးလာပြီ။ ဘာပဲပြောပြော ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မှုတစ်ခု လုပ်ချင်တဲ့အချိန်မှာ ဒီဇာတ်ကားလေးက ကမ်းလှမ်းလာတဲ့အတွက် လုပ်ကြည့်ချင်ပါတယ်’’ လို့ ဆိုပါတယ်။

Mary ဟာ ''အဟောင်း’’ ရုပ်ရှင်ဇာတ်ကားကြီး နဲ့ ပတ်သက်ပြီး ပါဝင်သရုပ်ဆောင်ရမယ့် ကာရိုက်တာအတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

''ကြိုတင်ပြင်ဆင်မှုကတော့ အဓိက က သရုပ်ဆောင်အပိုင်းကို ပိုပြီးတော့ အားထည့်ရမယ်။ Mary ရဲ့ ပထမဆုံး ဇာတ်ကားအတွက် မျှော်လင့်ထားတဲ့သူတွေလည်းရှိမယ်၊ စိုးရိမ်နေတဲ့ သူတွေလည်း ရှိမယ်။ မေးခွန်းတွေ အမျိုးမျိုးပြောလာမယ့် ပရိသတ်တွေလည်း ရှိလိမ့်မယ်ပေါ့နော်။ အဲဒီအတွက် အကောင်းဆုံးကြိုးစားသွားမှာဖြစ်တဲ့အတွက်ကြောင့် သီချင်းအပိုင်းကိုလည်း လျော့သွားမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်’’လို့ သူကဆိုပါတယ်။

Photo: Mary

Mary ဟာ လက်ရှိမှာလည်း သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့အတွက် သူမကိုယ်တိုင် ကြိုးစားရမယ့် အပိုင်းတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ စိုးရိမ်စိတ်တွေလည်း များတယ်လို့ ပြောပါတယ်။

''သရုပ်ဆောင် Skill ကလည်း တက်လှပြီရယ်လို့မဟုတ်ဘူး။ Music Video တွေမှာ သရုပ်ဆောင်ဖူးတာတောင်မှ Mary ရှက်နေသေးတယ်။ ပြီးတော့ ယောကျ်ားလေးတစ်ယောက်နဲ့ အတူတူသရုပ်ဆောင်ရတာ ရှက်တတ်တယ်။ အဲ့ဒါကြောင့်လည်း Music Video တွေမှာ Mary တစ်ယောက်တည်း သရုပ်ဆောင်တာများတယ်။ ဒီအတွက်ကြောင့်လည်း အများကြီး ကြိုးစားရမယ်လို့ထင်တယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့က ‘’အဟောင်း’’ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Yeminlay

ထူးခြားတဲ့ အသံပိုင်ရှင်လေး အဆိုတော် Mary ဟာ သူ့ရဲ့အသံက ငယ်ငယ်လေးကတည်းကလည်း ဒီအသံ အတိုင်းပါပဲတဲ့။ သူ့ရဲ့ ကိုယ်ပိုင် အသံ နဲ့ သီဆိုထားတဲ့ ဝဲ ၊ Mask ၊ 3 AM သီချင်းတွေကိုလည်း ပရိသတ်တွေက အားပေး လက်ခံကြလို့ သူ့ကိုယ်သူ ကံကောင်းသွားတာပါလို့ ဆိုပါတယ်။ Mary ရဲ့ သီချင်းတွေဟာ ပရိသတ်ရင်ဘတ်နဲ့လည်း ထပ်တူကျခဲ့တာများပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က