သူသွားတဲ့ လမ်းကြောင်းအတိုင်း သွားဖို့ အဆင်သင့်မဖြစ်သေးဘူး။

သရုပ်ဆောင် စိုးမြတ်သူဇာကတော့ ဥူးဇင်းကိတ္တိသာရ(သရုပ်ဆောင် ကျော်ဟိန်း) နဲ့ ပတ်သက်ပြီး သူမကိုယ်တိုင် အတုယူနေရတဲ့ အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Soe Myat Thu Zar



ဒီနေ့(သြဂုတ်လ ၃၁ ရက်) ကတော့ သရုပ်ဆောင် စိုးမြတ်သူဇာရဲ့ အသက်(၄၉) နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ စိုးမြတ်သူဇာ အနေနဲ့ အသက်အရွယ်ရလာတာနဲ့ အမျှ သရုပ်ဆောင် ကျော်ဟိန်းကို အတုယူနေမိတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

"အခုချိန်မှာ ဦးကျော်ဆုံးသွားပြီးကတည်းက မကြီးရဲ့ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားသလဲဆိုတော့ သူက အရှေ့ကနေ လမ်းပြပေးတယ်၊ လမ်းဖောက်သွားတယ်။ အသိတရားလေးပေးတယ်ပေါ့နော်။ အခု သူက သေသွားပြီ မကြီးတို့ ဘာလုပ်ရမလဲ။ သူသွားတဲ့ လမ်းအတိုင်းသွားဖို့ မကြီးတို့ အဆင်သင့်ဖြစ်ပြီလား။ သူကတော့ အရှေ့ကနေ လုပ်ပြသွားတယ် လိုက်လုပ်ဖို့က ကိုယ့်တာဝန်။ သူပြသွားတဲ့ လမ်းကြောင်းကို မကြီးတို့ လိုက်ဖို့၊ သူ့ကို အတုယူဖို့ ကြိုးစားရတော့မယ်” လို့ ဆိုပါတယ်။ 

Photo: Soe Myat Thu Zar

ဥူးဇင်းကိတ္တိသာရ(သရုပ်ဆောင်ကျော်ဟိန်း) ဟာ ၂၀၀၈ ခုနှစ်ကတည်းက အနုပညာအလုပ်တွေကို စွှန့်ခွာပြီး သာသနာ့ဘောင်ထဲကို ပျံလွန်တော်မူသွားတဲ့ အထိ အပြီးတိုင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဥူးဇင်းပျံလွန်တော် မူပြီးနောက်မှာ အသိတရား ရခဲ့တာတွေရှိတယ်လို့ အကယ်ဒမီစိုးမြတ်သူဇာက ထာဝရဝိန့်စိန် ကြော်ငြာရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာပါ။ 

“ ဦးကျော်ဆိုရင် သူ အများကြီး ပြင်ဆင်သွားခဲ့တာ။ အလုပ်ဆိုရင် သူလုပ်နိုင်တာကို သူလုပ်သွားတယ်။ ပြီးရင် သူဖြတ်သင့်တဲ့အရာကို ဖြတ်တယ်။ သူများတွေကို မကြည့်နဲ့ဦး သူ့ကို အတုယူပြီး သူ့လမ်းကြောင်းအတိုင်းလိုက်နိုင်အောင် အရင်ဆုံး ကြိုးစားရမယ်။ ကျန်တာတွေက အရမ်းမြင့်လွန်းပါတယ်။ ဦးကျော်ရဲ့ လမ်းကြောင်းအတိုင်း လိုက်နိုင်ဖို့ဆိုတာ သိပ်ပြီးတော့ မလွယ်လှပါဘူး။ အဲဒီ အသိတရားလေးတွေ မကြီး ရသွားတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: KARAT Silk

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က