loading...

loading...

loading...

ထိပ်ထိပ်ရဲ့ အနာဂတ် အတွက် ရွေးချယ်လိုက်တာပါ။
Sabal Thwin

ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကတော့ သူမရဲ့ အနာဂတ်အတွက် စီးပွားရေးအလုပ်တွေကို ပိုပြီးတော့ ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။ အခုချိန်မှာလည်း ဖခင်ဖြစ်သူရဲ့ လုပ်ငန်းခွင်ထဲကို ကိုယ်တိုင်လေ့လာနေတယ်လို့ သိရပါတယ်။ 

ပရိသတ်အခိုင်အမာရရှိထားပြီဖြစ်တဲ့ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကတော့ လက်ရှိမှာ ဖခင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းတွေကို လေ့လာနေပြီလို့ ပြောပါတယ်။ သူမရဲ့ ပညာရေးပြီးဆုံးသွားရင်လည်း စီးပွားရေးကို အဓိက ထားလုပ်ဆောင်သွားမယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

“လတ်တလောမှာ ထိပ်ထိပ်က အဖေ့ရဲ့ စက်ရုံမှာ အလုပ်တွေ သွားလေ့လာနေတယ်။ ဖေဖေကလည်း သမီးကို ကျောင်းပြီးသွားရင် ဒါပဲ လုပ်ရမှာတဲ့။ ဒီ့အတွက် အကုန်လုံး သိအောင်လို့ အောက်ခြေကနေစပြီး ဟိုးအပေါ်ဆုံးအထိ အစအဆုံး လေ့လာခိုင်းတယ်။ ကျောင်းပြီးရင် စီးပွားရေးဘက်ကိုပဲ အဓိက ထားသွားမှာပါ။ အနုပညာအလုပ်တွေကို လုပ်ခွင့်ရရင် လုပ်ချင်ပါသေးတယ်” လို့ သူကဆိုပါတယ်။ 

အနုပညာအလုပ်တွေထက် စီးပွားရေးအလုပ်တွေကို အဓိက ထားလုပ်ဆောင်သွားမယ့် စံထိပ်ထားဦးရဲ့ ဆန္ဒကို မိခင်ဖြစ်သူ ခိုင်သင်းကြည်ကလည်း သဘောတူတယ်လို့ သိရပါတယ်။ စီးပွားရေးအလုပ်တွေကို လေ့လာနေတဲ့အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကို စံထိပ်ထားဦးက ပြောပြလာပါသေးတယ်။ 

“ မေမေကလည်း ပြောတယ် သမီးကို ကိုယ့်မိသားစုအလုပ်ပဲ ကိုယ်လုပ်ရမှာတဲ့။ စီးပွားရေးအလုပ်က ခက်ပါတယ်။ စက်ရုံမှာဆိုရင် လူတွေ အများကြီးကို အုပ်ချုပ်ရတာဆိုတော့ တော်တော်လေးကို မလွယ်ဘူး။ စက်ရုံထဲမှာပဲ အာရုံစူးစိုက်ပြီးတော့ အကောင်းဆုံး နည်းပညာတွေ၊ Skill တွေ သုံးမှာရမှာပေါ့"ဆိုပြီးတော့ ဖေဖော်ဝါရီလ Angle Phoo ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

စံထိပ်ထားဦးဟာ စီးပွားရေးအလုပ်တွေကို အဓိက ထားဦးစားပေးသွားမယ့် ရည်ရွယ်ချက်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ အနုပညာအလုပ်တွေကိုလည်း အခွင့်အရေးရမယ်ဆို လုပ်ချင်တယ်လို့ ဆိုပါတယ်။ 

" ထိပ်ထိပ်ရဲ့ အနာဂတ်အတွက်ပိုပြီးသေချာတယ်လေ။ ပြီးတော့ ထိပ်ထိပ်က တစ်ဦးတည်းသော သမီးဆိုတော့ ထိပ်ထိပ်မလုပ်ရင် ဘယ်သူက လုပ်မှာလဲ အဲဒါမျိုးတော့ ရှိတာပေါ့။ အနုပညာအလုပ်တွေကို လုပ်ချင်တဲ့ စိတ်လည်းရှိ တယ်။ အခုချိန်မှာ စိတ်က နှစ်ဖက် ဖြစ်နေတာ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: San Htike Hter Oo

စံထိပ်ထားဦးကိုတော့ ကိုခန့်နိုင်နဲ့ သရုပ်ဆောင် ခိုင်သင်းကြည်တို့ရဲ့ သမီးလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေလည်း အခိုင်အမာ ရရှိထားသူဖြစ်ပါတယ်။ မိခင်ဖြစ်သူ ခိုင်သင်းကြည်နဲ့ အတူ TV ကြော်ငြာတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ သူမ တစ်ယောက်တည်း ပါဝင်ထားတဲ့ TV ကြော်ငြာတွေလည်းရှိပါသေးတယ်။ လက်ရှိမှာတော့ စံထိပ်ထားဦးဟာ ပညာရေးကို ဦးစားပေးနေရတာကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတာ မတွေ့သေးပါဘူး။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က