သူက နားလည်မှုရှိတယ်။
Sabal Thwin

သန္တာဗိုလ်ကတော့ သူမရဲ့ အိမ်ထောင်ရေးကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းချင်တယ်လို့ ဆိုပါတယ်။ စိတ်ကူးထားတဲ့ အိမ်ထောင်ရေးမျိုးကလည်း ပျော်စရာကောင်းပါတယ်လို့ ပြောပါတယ်။ 

သရုပ်ဆောင် ကောင်းပြည့်နဲ့သန္တာဗိုလ် တို့ ချစ်သူသက်တမ်းက ၈ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သူတို့ စုံတွဲလေးကတော့ တကယ်ကို လိုက်ဖက်ညီလှပါတယ်။ တကယ်လို့ အိမ်ထောင်ပြုပြီးရင်လည်း မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တယ်လို့ သန္တာဗိုလ်က မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



“ ညီမကတော့ အိမ်ထောင်ကျပြီးသွားရင် ပျော်ရွှင်သာယာတဲ့ မိသားစု ဘဝဖြစ်လာဖို့ကိုပဲ တွေးတယ်။ အိမ်ထောင်ပြုပြီးရင် အဆင်မပြေမှာတို့၊ မွန်းကြပ်သွားမှာတွေကို မတွေးဘူး။ အခုလက်ရှိအခြေအနေမှာလည်း စနှိုက်ကြော်ခံရတယ် မခံရဘူးဆိုတာထက် ဟိုဘက်က ဘယ်လောက်ပဲ မြူဆွယ်ပါစေ အဓိက က ကိုယ့်လူ မပါသွားရင်ပြီးတာပဲလေ။ အဓိက ကတော့ ကိုယ့်လူပဲပေါ့။ အခုလည်း သူက ညီမကို ချစ်တယ်၊ သစ္စာရှိပေးတယ်၊ နားလည်မှုပေးတဲ့ ယောကျ်ားကောင်းတစ်ယောက်ပေ့ါ” လို့ ဆိုပါတယ်။

ကောင်းပြည့်ကိုယ်တိုင်ကလည်း ချစ်သူကို သစ္စာဖောက်ဖို့ဆိုတာထက် သန္တာဗိုလ် အရမ်းချစ်တတ်တဲ့ ချစ်သူဖြစ်လို့ မခွဲနိုင်အောင် ချစ်ပါတယ်လို့ဆိုပါတယ်။ 

“ ကျွန်တော်ကတော့ ချစ်သူဆီက ယုံကြည်မှုရအောင် လုပ်ယူပြီးနေထိုင်တာမျိုးတော့ မရှိဘူး။ ကျွန်တော့်ရဲ့ စိတ်နေစိတ်ထား၊ ကျွန်တော့်ရဲ့ အကျင့်တွေကို သူသိပါတယ်။ ကိုယ်က မဟုတ်တာလည်း မလုပ်ဘူး၊ ရှုပ်လည်း မရှုပ်တဲ့အတွက် ယုံကြည်အောင် နေပြစရာလည်း မလိုဘူး။ သူကတော့ ကျွန်တော့်ကို တော်တော်ချစ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ကျွန်တော် ချစ်တယ်ဆိုတာထက် ပိုပြီးတော့ ချစ်တဲ့ သူလို့တောင် ပြောလို့ရပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့က ထွန်းကိုကိုရဲ့ မွေးနေ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ ချစ်သူနှစ်ယောက်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူတို့ စုံတွဲလေးဟာ ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူတွဲပြီးသရုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတဲ့ စုံတွဲလေးပါ။ အားပေးကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်မှုတွေနဲ့ တိုက်ခိုက်ကြတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က