ပြန်လိုချင်လည်း မရနိုင်တော့ဘူး။

ဒေါင်းကတော့ တက္ကသိုလ်ကျောင်းသားဘဝရဲ့ အမှတ်တရများစွာကို “အချစ်ဖြင့် လွမ်းစေ” ဇာတ်ကားထဲမှာ ခံစားခဲ့ရတယ်လို့ဆိုပါတယ်။ သူကိုယ်တိုင်လည်း တက်ခွင့်မရခဲ့ဘူးလို့ဆိုပါတယ်။ 

Photo: အချစ်ဖြင့် လွမ်းစေ



ဒေါင်းကတော့ သူ့အတွက် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်ရစေခဲ့တဲ့ “အချစ်ဖြင့် လွမ်းစေ” ရုပ်ရှင်ရိုက်ရတာ အရမ်းကျေနပ်ခဲ့တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝ မခံစားခဲ့ဖူးတဲ့ သူ့အတွက်တော့ အရမ်းပျော်ခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဒီဇာတ်ကားရိုက်တုန်းက ပျော်တယ်၊ ကျောင်းလည်း ပြန်တက်ခွင့်ရတယ်၊ ကိုယ်ကန်ချင်တဲ့ ဘောလုံးလည်း ကန်ရတာဆိုတော့ အဲဒီဇာတ်ကားလောက် ပျော်စရာကောင်းတာ မရှိဘူး။ ကျွန်တော် တက်ခွင့်မရခဲ့တာကို စိတ်ထဲမှာ အလွမ်းဆုံးပဲ။ ဒီလိုကျောင်းမျိုးမှာ ငါ တက်ခွင့်ရခဲ့ရင် အမှတ်တရတွေ အများကြီးရှိခဲ့မှာပဲပေါ့။ RC တွေ၊ လမ်းတွေ၊ ရွက်လှေနေရာတွေ၊ ဘောလုံးကွင်းတွေ၊ ဆေးရုံတွေ တကယ့် တက္ကသိုလ်ထဲမှာရှိတဲ့ နေရာတွေကို ရိုက်တာပေါ့။ အဲဒီအငွေ့အသက်တွေ ရစေတယ်၊ ကျွန်တော့်ကိုလည်း ခံစားရစေတယ်” လို့ သူကဆိုပါတယ်။ 

Photo: အချစ်ဖြင့် လွမ်းစေ

ဒေါင်းကတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားမဟုတ်ပေမယ့် အရှေ့ပိုင်းတက္ကသိုလ်(တာဝ) က အဝေးသင်ကျောင်းသားတစ်ယောက်ပါတဲ့။ သူလိုချင်ခဲ့တဲ့ အချိန်လေးတွေကို ပြန်ပိုင်ဆိုင်ခွင့်မရတော့ဘူးလို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ကျွန်တော်က အရှေ့ပိုင်းတက္ကသိုလ် တာဝမှာတက်ခဲ့တာ ဒါပေမယ့် အဝေးသင် ဆိုတော့ တက္ကသိုလ်ကျောင်းသားဘဝကို မဖြတ်သန်းခဲ့ရဘူး။ အဲဒီဇာတ်ကားကျမှ ကျွန်တော် ဖြတ်သန်းခဲ့ရတာ။ ဒါပေမယ့် ကျွန်တော်ပျော်တယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း တက္ကသိုလ်ကျောင်းသားဘဝကို အရမ်းဖြတ်သန်းချင်ခဲ့တာလေ။ အချိန်က ကျော်ခဲ့ပြီ နောက်ပြန်ဆုတ်လို့မှ မရတာလေ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက “အချစ်ဖြင့် လွမ်းစေ” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
 Photo: အချစ်ဖြင့် လွမ်းစေ

“အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နောင်မင်းလတ်၊ မိုးမှူးဝါ နဲ့ ညို ဆိုတဲ့ ဇာတ်ကောင်တွေက အဓိက ဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဒီဇာတ်ကောင်တွေကို အသက်သွင်းပြီး ပါဝင်ကြမယ့် အနုပညာရှင်တွေကတော့ ဒေါင်း၊ ပိုင်ဖြိုးသု နဲ့ အိန်ဂျယ်လမုန် တို့က ပါဝင်ထားတာပါ။ “အချစ်ဖြင့် လွမ်းစေ” ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသသွားမှာဖြစ်ပါတယ်။ 

မိန်းကလေး ပရိသတ်အများစုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းက အခုဆိုရင် အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ကိုင်လာရပါပြီ။ သူ့ကိုတော့ ‘’ပုဂံမြို့သူ’’ ရုပ်သံ ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။ မကြာခင် ရုံတင်ပြသတော့မယ့် "၁၀၁၄" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က