သူတို့ နှစ်ယောက် ပထမဆုံးတွေ့ဆုံတဲ့ ဇာတ်လမ်းတွဲပါ။
Sabal Thwin

ဂျိမ်းစ်ဂျိုကာ ရုပ်သံဇာတ်လမ်းတွဲမှာတော့ ကျော်ထူးနဲ့ ဂျိုကာ တို့ကို တူဝရီးအနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာပါ။ ဟာသ ဇာတ်လမ်းတွဲလေးဖြစ်တယ်လို့ သိရပါတယ်။

Photo: U Kyaw Htoo

ဂျိမ်းစ်ဂျိုကာ ရုပ်သံဇာတ်လမ်းတွဲမှာတော့ ကျော်ထူးလည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ကျော်ထူးအတွက်တော့ ဂျိုကာနဲ့ ပထမဆုံး တွေ့ဆုံဖြစ်တဲ့ အနုပညာအလုပ်ပါပဲလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ဒီဇာတ်ကားကတော့ ဂျိန်းစ်ဘွန်းကို အခြေခံပြီးတော့ ဂျိန်းဂျိုကာဆိုပြီးတော့ ရိုက်ခြင်းဖြစ်ပါတယ်။ သူနဲ့က တူနဲ့ဦးလေး အဖြစ် သရုပ်ဆောင်ရမှာပေါ့။ ဒီဇာတ်လမ်းတွဲမှာ ထူးထူးခြားခြား အနေနဲ့ကတော့ တစ်ခါမှ တွဲမရိုက်ဖူးတဲ့ ရဲလေးရဲ့ ညီ ဂျိုကာနဲ့ ပထမဆုံး တွဲသရုပ်ဆောင်ရတာပါပဲ။ ဒီကလေးလည်း မဆိုးပါဘူး သူက အဆိုပိုင်းက လာတာဆိုပေမယ့် သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက်ရင် အရိပ်ပြတာနဲ့ အကောင်မြင်ပါတယ်” လို့ သူကဆိုပါတယ်။

Photo: U Kyaw Htoo

ဂျိုကာ ကိုယ်တိုင်ကလည်း ဒီဇာတ်လမ်းတွဲထဲမှာ အဓိက သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။ စုံထောက်အလုပ်ကို အရမ်းဝါသနာကြီးတဲ့သူဖြစ်တဲ့ ဂျိမ်းစ်ဂျိုကာ တစ်ယောက်အဖြစ်ပါဝင်သွားမယ်လို့ ဇန်နဝါရီလ ၃ ရက်နေ့က “ဂျိမ်းစ်ဂျိုကာ”ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

“ ဒီဇာတ်ကားထဲမှာ ဇာတ်ကောင် အနေအထားအရ ကျွန်တော်က ဂျိမ်းစ်ဘွန်းကို အရမ်းကြိုက်တယ်ပေါ့နော်။ စုံထောက်ရူး ရူးတယ်၊ ဂျိမ်းစ်ဘွန်းကာရိုက်တာ ကို ရူးတဲ့ ဇာတ်ကောင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ စုံထောက်ပညာကို ဝါသနာလည်းပါသလို ကိုယ်တိုင်လည်း လေ့လာတယ်။ တစ်ခါတလေ လုပ်လိုက်တဲ့အရာလေးတွေက လွဲသွားတာရှိတယ်ဆိုရင် ဦးလေး ကျော်ထူးက ပြန်ပြီးတည့်မတ်ပေးတယ်။ ဟာသလေးတွေ ပါတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ” လို့ ဆိုပါတယ်။

Photo: U Kyaw Htoo

James ဂျိုကာ ရုပ်သံဇာတ်လမ်းတွဲ ကိုတော့ မဟာရုပ်သံလိုင်းက ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။ မဟာ ရုပ်သံလိုင်းကပဲ ထုတ်လွှင့်ပြသသွားမယ့် ဇာတ်လမ်းတွဲပါ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတာဖြစ်ပြီး ဂျိုကာ၊ ကျော်ထူး၊ အုန်းသီး၊ စိန်သီး၊ စိုပြေ၊ စံလင်း၊ ချက်ကြီး၊ မိုးသဲနဲ့ 7+ အဖွဲ့သားတွေလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း အဆိုပါ ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီလို့ သိရပါတယ်။  




ဆက်စပ်အကြောင်းအရာများ


က္က