အခုတော့ ကျွန်တော် လွမ်းနေပါပြီ။

ဏကြီးကတော့ ဇနီးချောလေး ပိုင်ဖြိုးသု မရှိတဲ့အချိန်တွေမှာ အိမ်ပြန်ရတာတောင် ရင်ထဲ တစ်မျိုးကြီးပဲတဲ့။ လွမ်းတဲ့ စိတ်နဲ့ အလုပ်တွေ လုပ်နေရတယ်လို့ ပြောပါတယ်။

Photo: RBV



ဒါရိုက်တာဏကြီးက အမေရိကမှာ ကျောင်းသွားတက်နေတဲ့ ဇနီးချောလး ပိုင်ဖြိုးသုကို လွမ်းတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဇနီးလေးမရှိတော့ အိမ်ပြန်ရရင်တောင် စိတ်ကတစ်မျိူးဖြစ်နေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ပထမကတော့ မသိသာဘူးပေါ့နော်။ တစ်ပတ် နှစ်ပတ်လောက်အထိ ကိုယ်က အလုပ်တွေ ဖိလုပ်နေတာ။ သူမရှိတော့ ကျွန်တော် အလုပ်နည်းနည်းပိုလုပ်နိုင်တယ်လို့ သူ့ကိုပြောတော့ စိတ်ဆိုးသေးတယ်။ အဲဒီနောက်ပိုင်းရက်တွေကျတော့ သိသာလာတယ်။ အိမ်ပြန်လို့ရှိရင် တစ်မျိုးကြီးဖြစ်လာတာပေါ့နော်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁ ရက်နေ့က ပြေတီဦးဖောင်ဒေးရှင်းက အလှူရှင်များနဲ့ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: RBV

ပိုင်ဖြိုးသုကတစ်ခါတလေမှာ ရင့်ကျက်ပေမယ့်၊ တစ်ခါတလေမှာ ကလေးဆန်တာလေးတွေရှိတယ်လို့ ဒါရိုက်တာ ဏကြီးက ပြောလာပါတယ်။

‘’ သူကတောင် ဖေ့စ်ဘွတ်ပေါ်တို့၊ Facebook Story မှာ တင်သေးတယ်။ ကျွန်တော်ကတော့ ဘာမှတောင် မတင်ဖြစ်ဘူး။ သူ အဲဒီလိုမျိုးတင်တဲ့အခါလေးတွေကျရင်တော့ လွမ်းတာ သက်သာတာပေါ့နော်။ သူနဲ့ ကျွန်တော်နဲ့ တချို့နေရာတွေမှာ ပုံစံ နည်းနည်းတူတယ်ပေါ့နော်။ တစ်ခါတလေ ရစ်တဲ့အခါမျိုးကျရင်တော့ ကလေးဆန်တာပေါ့နော်။ သူ မကျေနပ်တာရှိတဲ့အခါမျိုးကျရင်တော့ ကလေးဆန်တယ်’’ လို့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

Photo: RBV

အမေရိကမှာ ကျောင်းတက်ရင်း နေမကောင်းဖြစ်ခဲ့တဲ့ ဇနီးချော ပိုင်ဖြိုးသုကို စိတ်ပူနေခဲ့သေးတယ်လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။ စက်တင်ဘာလ ပထမပတ်မှာတော့ ရန်ကုန်ကို ပြန်ရောက်လာမှာဖြစ်တဲ့အတွက် အမေရိက ကို မလိုက်သွားတော့ဘူးလို့ ဆိုပါတယ်။

‘’သူနဲ့ ကျွန်တော်နဲ့ဖုန်းပြောတယ်။ စိတ်ပူသွားတာပေါ့နော်။ ကျွန်တော်လည်း အိပ်ပျော်နေတဲ့အချိန်ပေါ့။ New York နဲ့ ဒီမှာ အချိန်က ပြောင်းပြန်ဖြစ်နေတော့လေ။ စိတ်တော့ ပူသွားတယ်။ ဒါပေမယ့် သူက Gp လောက်ပဲ သွားရတာပေါ့။ ဆေးရုံရောက်တာမျိုးတွေတော့ မဖြစ်ခဲ့ဘူး။ အားနည်းသွားတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Paing Phyo Thu

ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ လက်ထပ်ခဲ့ကြတာပါ။ မင်္ဂလာဦးအလှူကို ၂၀၁၉ ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ အင်းယားလိဂ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က