အခုချိန်မှာ အခက်အခဲတွေ ရှိနေတယ်။

မိုးအောင်ရင်ကတော့ သူ့အပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့ ကျေးဇူးရှင်တိုင်းကို မမေ့ဘူးလို့ဆိုပါတယ်။ အလုပ်တွေ မလုပ်ရတဲ့အချိန်မှာ အခက်အခဲတွေ အများကြီး ကြုံနေရတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။ 

Photo: Moe Aung Yin



သရုပ်ဆောင်မိုးအောင်ရင်ကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ ခဏ နားထားတယ်လို့ သိရပါတယ်။ သူ့ရဲ့ အားလပ်ရက်တွေကို စာအုပ်ဖတ်တာတွေ၊ စာသင်တာတွေနဲ့ အချိန်ဖြုန်းလေ့ရှိတယ်လို့မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော်က အခုချိန်မှာ အားနေတာပေါ့၊ အဲဒီတော့ စာပိုဖတ်တယ်၊ နေ့လည်ပိုင်းတွေမှာ စာသင်ပေးနေတာတွေရှိတယ်။ ပြီးတော့ ကျွန်တော့်အတွက် ကျေးဇူးရှင်မှန်သမျှကို ကျေးဇူးမေ့မှာ မဟုတ်ပါဘူး။ အခုချိန်မှာ ကျွန်တော်အလုပ်ကလည်း မများသေးတော့ အရင်လို မသုံးနိုင်ဘူး။ အမှန်အတိုင်းဝန်ခံရရင် အိမ်မှာ မိုက်ခရိုဝေ့ပျက်သွားရင်တောင် ပြန်မဝယ်နိုင်လောက်အောင်ပဲ။ အလုပ်ကလည်း အရမ်းကြီးမတွင်သေးဘူး၊ ဗီဒီယိုဆိုတာလည်း မရှိတော့ဘူးဆိုတော့ ဒါက ကျွန်တော့်အတွက် အခက်အခဲတစ်ခု ဖြစ်သွားတာပေါ့နော်” လို့ သူကဆိုပါတယ်။ 

Photo: Moe Aung Yin

လက်ရှိမှာတော့ မိုးအောင်ရင်ကို သူ့ရဲ့ချစ်သူဟောင်းက ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခြင်းကို ခံနေရသူတစ်ယောက်ပါ။ ဒီအမှုနဲ့ ပတ်သက်ပြီးတော့လည်း တရားခွင်မှာ မှန်မှန်ကန်ကန် ထွက်ဆိုသွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။ 

“ ကျွန်တော့်အတွက် အခက်အခဲကတော့ အရှေ့ဆုံးမှာဖြစ်ခဲ့တဲ့အရာက ကျွန်တော့်အတွက် အခက်ခဲဆုံးပဲ။ ထောင်ဒဏ် တစ်သက်တစ်ကျွန်းလောက်၊ သေဒဏ်လော က်အထိ ပေးလို့ရတဲ့အရာကြီးတစ်ခုကို ကျွန်တော် ကြုံခဲ့ရဖူးသွားပြီဆိုတော့ ဒီတစ်ခုက အဲဒီလောက်အထိလည်း မများဘူး။ တကယ်လို့ ပြန်ဝင်ခဲ့ရမယ်ဆိုရင်လည်း ကျွန်တော့်ရဲ့ အတိတ်ဘဝကံအကြောင်းမလှလို့ဆိုပြီးတော့ တွေးမိမှာပါ။ တရားရုံးမှာလည်း အဖြစ်မှန်တွေကို ပြောပြဖို့ အဆင်သင့်ပါပဲ။ ဒါကိုမှ မလုံလောက်လို့ နင်ပြန်ဝင်ရမယ်ဆိုရင်လည်း ဘာတတ်နိုင်မှာလဲ” ဆိုပြီးတော့ ဇန်နဝါရီလ ၁၈ ရက်နေ့က Under Armour အားကစားဝတ်စုံအရောင်းခန်းမ ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Moe Aung Yin

မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။ 

Photo: Moe Aung Yin

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က