ဇာတ်ကားရိုက်ခဲ့ဖူးတဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။

ညီနန္ဒကတော့ အနုပညာလောကမှာ သရုပ်ဆောင် ဒွေး၊ ဒါရိုက်တာ ညီညီထွန်းလွင်နဲ့ ဒါရိုက်တာ နောင်ထွန်းလွင်တို့ဟာ သူ့အတွက် လက်ဦးဆရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

သရုပ်ဆောင် ညီနန္ဒဟာ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ချိန်မှာ ကျေးဇူးရှိခဲ့ဖူးတဲ့ ဒါရိုက်တာ ညီညီထွန်းလွင် သွားရောက် ကန်တော့ခဲ့တာ တွေ့ရပါတယ်။အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်မှာ “အက်စစ်ကတ္တီပါ” ဆိုတဲ့ ဇာတ်ကားမှာ ဒါရိုက်တာညီညီထွန်းလွင်နဲ့ စတင်ဆုံတွေ့ခဲ့တဲ့ အမှတ်တရတွေကို ညီနန္ဒက Duwun ကနေ ပြောပြလာပါတယ်။ 



“ ဒါရိုက်တာ ထဲမှာ ဆရာက အစ်ကို့အတွက် လက်ဦးဆရာပါပဲ။ ကိုသားကြီးနဲ့ အတူ ဇာတ်ကားရိုက်တာ (၂)ကား ၊ (၃) ကားလိုက်ကြည့်တယ်။ အဲဒီမှာ ကိုသားကြီးက ဦးမောင်တို့၊ ဦးညီတို့ဆီကိုသွားဆိုပြီးတော့ ဦးညီတို့နဲ့ မိတ်ဆက်ပေးခဲ့တယ်။ အစ်ကိုတို့တုန်းက သရုပ်ဆောင် သင်တန်းမရှိဘူး။ မှတ်မှတ်ရရ အက်စစ်ကတ္တီပါ ဇာတ်ကားမှာ ကိုမင်းဦးက နှစ်ကိုယ်ခွဲ၊ အစ်ကိုက ကိုမင်းဦးရဲ့ သူငယ်ချင်းနေရာ လုပ်ရတဲ့ အချိန်မှာ စကားပြောရတော့ အစ်ကိုစကားပြောတာ အသံမထွက်ဘူး။ စလုပ်တာဆိုတော့ ရှိန်တဲ့၊ကြောက်တဲ့ စိတ်တွေရှိတာပေါ့နော်။ အဲဒီမှာ ဦးညီကလည်း ဇာတ်ညွှန်းရေးတော့ အစ်ကို့နေရာကို စကားပြောရမယ့်အခန်း မထည့်တော့ဘူး။ လက်ဖက်ရည်သောက်တယ်၊ မုန့်စားတယ် ဆိုတဲ့ နေရာကနေ ဖြတ်ကျော် လာရ တယ်။ နောက်ပိုင်းမှာ စကားပြောရဲအောင် လုပ်ရတယ်ဆိုတာ အဆင့်တွေ ကျော်ဖြတ်ရပါတယ်။ ဒါကိုလည်း ဦးညီက ကူညီပေးခဲ့တာ။ အခုလည်း ကိုယ့်ရဲ့ လက်နဲ့လုပ်ထားတဲ့ ထောပတ်ထမင်းကို အစ်ကို့အတွက် လက်ဦးဆရာတွေ၊ သင်ဆရာ၊ မြင်ဆရာတွေကို ကန်တော့ချင်တဲ့ စိတ်က အလိုလိုဖြစ်လာတယ်။” လို့ သူကဆိုပါတယ်။ 

ညီနန္ဒက ကျေးဇူးတရားဆိုတဲ့အရာကို ငယ်စဉ်က မစဉ်းစားတတ်ခဲ့ဘူးလို့ ဆိုပါတယ်။ အခုချိန်မှ ကျေးဇူးတရားတွေကို ပြန်လည် သိလာတဲ့အပေါ် ရှက်စရာတစ်ခုမဟုတ်တဲ့အကြောင်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

“အရင်တုန်းက အသက် (၃၀) လောက်မှာ အောင်မြင်တော့ မာန်တွေ ဘာတွေလည်းရှိတာပေါ့နော်။ ဒီလိုကျေးဇူးတရားတွေ မသိတတ်ခဲ့ဘူး။ ဒီအချိန်မှာတော့ ဘာပဲဖြစ်ဖြစ် သိလာတာဟာ ရှက်စရာ တစ်ခုမဟုတ်ပါဘူး။ အခုလို ကန်တော့ခွင့်ရတာကိုလည်း အရမ်းဝမ်းသာပီတိ ဖြစ်မိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ငယ်ငယ်တုန်းက ကျေးဇူးတရားတွေ၊ အသိတရားတွေဆိုတာ အစ်ကို တို့ခေါင်းထဲမှာ မရှိဘူး။ အခုနောက်ပိုင်း ဘုရား၊ တရားလုပ်လာလို့ ဒီစိတ်လေးတွေက သူ့ဘာသာသူ ဖြစ်လာတာ။ အစ်ကို့ဆရာတွေထဲမှာ ဦးညီရယ်၊ ဦးမောင်( ဒါရိုက်တာ နောင်ထွန်းလွင်)ရယ်၊ ကိုသားကြီးရယ် သုံးယောက်ကတော့ လုံးဝ မေ့လို့မရပါဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nyi Nanda

ညီနန္ဒကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကိုလည်း တွေ့ရပါတယ်။ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာချိန်မှာ သူ့ကို လက်တွဲခေါ်ယူခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ကိုလည်း ကျေးဇူးတင်တဲ့အကြောင်းတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က