ဆု စုစုပေါင်း ၈ ဆု ချီးမြှင့်ခဲ့ပါတယ်။

City FM ၁၈ နှစ်ပြည့် ဂီတ ဆုပေးပွဲကြီးမှာ ဆုရရှိခဲ့တဲ့ ဂီတပညာရှင်တွေရဲ့ ဆုစာရင်းကတော့ ၈ ခု ရှိခဲ့ပါတယ်။ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု များစွာ ခံခဲ့ရတဲ့ ပွဲတစ်ပွဲပါ။ 

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြ အစီအစဉ်တစ်ခုဖြစ်တဲ့ City FM ဂီတဖျော်ဖြေပွဲကြီးကိုတော့ ဒီနေ့(ဖေဖော်ဝါရီလ ၁ရက်)မှာလည်း MCC မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာ ဆုပေါင်း(၈) ဆု ချီးမြှင့်ခဲ့တာ တွေ့ရပါတယ်။ ဆုရရှိခဲ့ကြတဲ့ ဂီတပညာရှင်များကို ဆုတံဆိပ်သာမက ရွှေ ၁ကျပ်သား စီလည်းဆုချီးမြှင့်ခဲ့ကြတာ တွေ့ရပါတယ်။ 



ရောင်းအား အကောင်းဆုံး မြန်မာသံတေးသီချင်း ထုတ်လုပ်သူ ဆု KMA ထုတ်လုပ်ရေး 

ရောင်းအားအကောင်းဆုံး မြန်မာသံတေးသီချင်းသီဆိုသူဆု ရရှိခဲ့တဲ့ စိုးစန္ဒာထွန်း  


ရေပန်းအစားဆုံး မျက်နှာသစ်အဆိုရှင်ဆုရရှိသွားတဲ့ Eternal Gost


ရေပန်းအစားဆုံး အမျိုးသမီးအဆိုဆုရှင်အဖြစ် ဝိုင်းစုခိုင်သိန်း


ရေပန်းအစားဆုံး အမျိုးသားအဆိုဆုရှင်အဖြစ် G Fatt


ရောင်းအားအကောင်းဆုံး စတူဒီယိုတေးထုတ်လုပ်သူဆု ဇဏ်ခီ 


ရောင်းအားအကောင်းဆုံး စတူဒီယိုတေးသံရှင်အမျိုးသမီးဆုရရှိခဲ့တဲ့ ဂျူဝယ်လ်


ရောင်းအား အကောင်းဆုံး စတူဒီယို တေးသံရှင် အမျိုးသားဆု ဝေလ

အခုဆိုရင်တော့ City FM ဟာ18 နှစ်တိုင်တိုင် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုတော် ကောင်းတွေလည်း မွေးထုတ်ပေးခဲ့တာဖြစ်သလို၊ အဆိုတော် အသစ်တွေအတွက်လည်း အခွင့်အရေးတွေ အများကြီးရခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ City FM ဆုပေးပွဲကိုတော့ ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်မှာရှိတဲ့ MCC ခန်းမမှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်၊ Project K ၊ ဖိုးသောကြာနဲ့ အားမန်တို့က တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဒီ ဆုပေးပွဲဟာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ စောင့်မျှော်အားပေးရတဲ့ ပွဲကြီးတစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က