ဒီနေ့ ရုံးချိန်းအခြေအနေကို ဝေဠုကျော်ရဲ့ ရှေ့နေက ပြောပြလာပါတယ်။

သရုပ်ဆောင် ဝေဠုကျော်ရဲ့ ရှေ့နေက တရားလိုဖြစ်သူ မသင်းသင်းကို ဇူလိုင်လ(၁၇) ရက်နေ့တုန်းက မမှန်မကန်လိမ်လည်ထွက်ဆိုမှုနဲ့ အရေးယူပေးဖို့ ရုံးတော်မှာ လျှောက်ထားခဲ့တဲ့ အချက်ကို ဒီနေ့ သြဂုတ်လ(၇) ရက်နေ့ ရုံးချိန်းမှာ ပယ်ချလိုက်တယ်လို့ သိရပါတယ်။ 

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ဒီနေ့ သြဂုတ်လ(၇) ရက် ရုံးချိန်းအခြေအနေကို ဝေဠုကျော်ရဲ့ ရှေ့နေဖြစ်သူ ဦးဝေဖြိုးမြတ်က ပြောပြလာပါတယ်။



 ဝေဠုကျော်ရဲ့ ရှေ့နေက တရားလို မသင်းသင်းဦးကို ဇူလိုင်(၁၇) ရက်တုန်းက လိမ်လည်ထွက်ဆိုမှုနဲ့ ပုဒ်မ ၁၉၃ အရ အရေးယူပေးဖို့ ရုံးတော်ကို သက်သေတင်သွင်းထားတဲ့ အချက်အလက်တွေကို ဒီနေ့ ရုံးချိန်းမှာ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပယ်ချလိုက်တယ်လို့ Duwun ကို ဦးဝေဖြိုးမြတ်က ပြောပြလာပါတယ်။ 

" ဒီနေ့ လုပ်ဆောင်မှုကတော့ မသင်းသင်းဦး အနေနဲ့ ရေနံချောင်းတရားရုံးမှာ တရားစွဲဆိုခဲ့တဲ့ တရားရုံးရဲ့ စီရင်ချက် မိတ္ထူကို ကျွန်တော်တို့ တင်သွင်းခဲ့တယ်။ သူတို့ဘက်ကလည်း မကန့်ကွက်သလို တရားရုံးကလည်း လက်ခံခဲ့ပါတယ်။ ဒီနေ့မှာတော့ အရင်ရုံးချိန်းတုန်းက မသင်းသင်းဦးကို လိမ်လည်ထွက်ဆိုတယ်ဆိုပြီးတော့ ပုဒ်မ ၁၉၃ အရေးယူပေးဖို့ လျှောက်ခဲ့တာကို တရားရုံးက ဒီအမှုနဲ့ မဆိုင်ဘူးဆိုပြီးတော့ ပယ်လိုက်ပါတယ်" လို့ သူက ဆိုပါတယ်။ 

ဒီနေ့ ရုံးချိန်းမှာတော့ ဝေဠုကျော်ရဲ့ ရှေ့နေက တရားလို မသင်းသင်းဦးနဲ့ ပတ်သက်တဲ့ သက်သေခံ တစ်ခုကို ရုံးတော်သို့ ထပ်မံ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယင်း သက်သေတင်သွင်းခဲ့တဲ့ အချက်အလက်တွေကိုလည်း မသင်းသင်းဦးက ငြင်းဆိုခဲ့တာ မရှိဘူးလို့ ဦးဝေဖြိုးမြတ်က ဆက်လက် ပြောပြလာပါတယ်။ 

" မသင်းသင်းဦးအနေနဲ့ ကိုဝေဠုကျော်နဲ့ မပတ်သက်ခင်တုန်းက လူငယ်သဘာဝ ချစ်ကြိုက်ခဲ့ဖူးတာတွေရှိမှာပေါ့။ အဲဒီတုန်းက အုပ်ချုပ်ရေးမှူးရုံးမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စလေးတွေ ဖြေရှင်းခဲ့ရတဲ့ အပိုင်းတွေကို ဒီနေ့ ကျွန်တော်တို့ဘက်က မေးမြန်းခဲ့တဲ့ အချိန်မှာ တရားလိုဘက်က ငြင်းဆန်ခြင်းမရှိပဲ ဝန်ခံခဲ့ပါတယ်။ ဒီနေ့ကတော့ ရုံးတော်ကို သက်သေခံတင်သွင်းခဲ့တာက ပုဒ်မ(၄၁၇) နဲ့ စွဲခဲ့တဲ့ စီရင်ချက် တစ်ခုတည်းကိုပဲ တင်ခဲ့တာပါ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ကတည်းက သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇)နဲ့ သင်းသင်းက တရားစွဲဆိုခဲ့တာဖြစ်ပြီးအခုဆိုရင် ယင်းအမှုဟာ အချိန်တစ်နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ အခုအချိန်ထိ စစ်ဆေးမေးမြန်းတွေ ဆက်တိုက်လုပ်နေပေမယ့်လည်း အမှုပြီးမယ့်အချိန်ကိုခန့်မှန်းလို့ မရသေးကြောင်း ဦးဝေဖြိုးမြတ်က Duwun ကို ပြောပြခဲ့ဖူးပါတယ်။ သင်းသင်းက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့က ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) နဲ့ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုဖို့ သင်္ကန်းကျွန်း တရားရုံးမှာ ဦးတိုက် လျှောက်ပြီးနောက် ၂၀၁၉ ဇန်နဝါရီလ (၂၂) ရက်နေ့ ပထမဆုံး ရုံးချိန်းမှာ သရုပ်ဆောင် ဝေဠုကျော်က ငွေကျပ်သိန်း(၅၀) နဲ့ အာမခံ ရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က