အခုဆို လက်ကို ခဏခဏ ဆေးဖြစ်နေတယ်။

ဝတ်မှုံရွှေရည်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် အကယ်ဒမီပွဲရက်ရွှေ့တာမျိုး၊ ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရတာတွေ အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Li John



အကယ်ဒမီဝတ်မှုံရွှေရည်ကတော့ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး ရက်ရွှေ့လိုက်တဲ့အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ ကိုယ်တိုင်ကလည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဂရုစိုက်ဖြစ်တဲ့အကြောင်း သူက ပြောပါတယ်။ 

“ အကယ်ဒမီပွဲ ရက်ရွှေ့လိုက်တာကလည်း အားလုံးကောင်းဖို့အတွက် ရက်ရွှေ့လိုက်တယ်လို့ မြင်ပါတယ်။ တစ်ကမ္ဘာလုံးက လူအရမ်းများတဲ့နေရာတွေ မသွားဖို့၊ စုစုဝေးဝေးရှိတဲ့နေရာတွေမှာ မနေဖို့ ပြောထားတော့ ရက်ရွှေ့လိုက်တဲ့အပေါ်မှာ ကောင်းတယ်လို့ ထင်ပါတယ်။ ကစ်ကတော့ တစ်ချိန်လုံး လက်ဆေးတာ ဆိုက်ကိုတောင်ဝင်တယ်။ Mask အုပ်တယ်၊ လူများတဲ့နေရာတွေဆို မသွားရဲဘူး” လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Wutt Mhone Shwe Yi

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကိုလည်း တွေ့ရပါတယ်။ 

Photo: Wutt Mhone Shwe Yi

အခုဆိုရင်တော့ လူစုလူဝေးများစွာရှိတတ်တဲ့ ရုပ်ရှင်ရုံကြီးတွေကိုလည်း ခဏ ပိတ်လိုက်ရပြီလို့ သိရပါတယ်။ ဒီလို ရုပ်ရှင်ရုံတွေ ပိတ်လိုက်တဲ့အပေါ် ဝတ်မှုံရွှေရည်က အခုလို သုံးသပ်ပြောပြလာပါတယ်။ 

“ ရုပ်ရှင်ရုံတွေ ပိတ်စေချင်တယ်၊ မပိတ်စေချင်ဘူးကျတော့ ကစ်လည်း မပြောပြတတ်ဘူး။ ကစ်မြင်တာကတော့ အခိုက်အတန့်လို့တော့ မြင်တယ်။ လောလောဆယ် အခြေအနေတစ်ခုမှာတော့ ဒီလိုမျိုး ဖြစ်နေဦးမှာပေါ့နော်။ တခြား ပွဲလမ်းသဘင်တွေလည်း ပိတ်လိုက်ရတာမျိုး၊ ရပ်လိုက်ရတာမျိုးရှိတာပဲ။ ဒါပေမယ့် ရုံပိုင်ရှင်တွေနဲ့ ထုတ်လုပ်သူတွေကတော့ ဘယ်လိုတွေ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ သူတို့ ပိုသိမှာပဲလေနော်” ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့က Media 7 နှင့် အနုပညာရှင်များ စာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Sheinkhantaung

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က